Sports: လီဗာပူး - အာဆင်နယ်ပွဲ မတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် လီဗာပူးနဲ့ အာဆင်နယ်က ဇန်နဝါရီ ၁၃ ရက်နေ့ညမှာ ကစားကြမှာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ရဲ့ ဒုတိယနေ့ကို ရောက်လာခဲ့ပြန်ပါပြီ။ ပထမနေ့ပွဲစဉ်တွေမှာတော့ နောက်ဆုံးမိနစ်မှ ပေးလိုက်ရတဲ့ ချေပဂိုးနဲ့ မန်ယူက သရေတစ်မှတ်သာ ရခဲ့ပြီး၊ တန်းဆင်းဇုန်ကထဲက အက်စတန်ဗီလာကတော့ နိုင်ပွဲပေါ်သွားပါတယ်။

ဒီနေ့ပွဲစဉ်တွေမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပွဲတွေရှိပါတယ်။ လီဗာပူး - အာဆင်နယ် ပွဲစဉ်ကတော့ အဓိကစောင့်ကြည့်ရမယ့်ပွဲပါ။ ဒီပွဲမကြည့်ခင် သိထားသင့်တဲ့ အချက်ငါးချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အပေါ် နိုင်ပွဲရတဲ့ အကြိမ်အရေအတွက် အများဆုံး အသင်းက မန်ယူဖြစ်ပါတယ်။ မန်ယူပြီးရင်တော့ အာဆင်နယ်အပေါ် အများဆုံးနိုင်ထားတာ လီဗာပူးပါ။

play

 

၂။ လီဗာပူးနဲ့ အာဆင်နယ် အန်ဖီးလ်ကွင်းမှာ နောက်ဆုံး ကိုးပွဲ ကစားထားတဲ့ ရလဒ်အရ စုစုပေါင်း အပြန်အလှန် သွင်းဂိုး ၃၅ ဂိုး တောင်ရှိပါတယ်။ ကိုးပွဲမှာ ၃၅ ဂိုးဆိုတော့ တစ်ပွဲကို အပြန်အလှန်သွင်းဂိုး ၃.၉ ဂိုးတောင်ရှိနေပါတယ်။

၃။ လီဗာပူးအသင်းဘက်မှာ ဂျိမ်းစ်မီလ်နာ၊ ဂျော်ဒန်ဟန်ဒါဆင်နဲ့ အီဘီတို့ ဒီတစ်ပတ်ပွဲ ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့်  စကာတယ်၊ လော်ဗရန်၊ ကော်တင်ဟိုနဲ့ စတာရစ်ခ်ျတို့တော့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ အာဆင်နယ်ဘက်မှာတော့ နောက်ဆုံးပွဲတုန်းက မပါထားတဲ့ အိုဇေးနဲ့ မာတီဆက်ကာ ပြန်ပါလာဖွယ် ရှိပါတယ်။ ဝဲလ်ဘတ်၊ ကိုကီလင်နဲ့ ကာဇိုလာတို့တော့ မပါမှာ ကျိမ်းသေပါတယ်။ ဆန်းချက်ဇ်လည်း မပါနိုင်သေးပါဘူး။

play

 

၎။ နည်းပြအာဆင်ဝင်းဂါးနဲ့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ချန်ပီယံလိဂ်မှာ တွေ့ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက ဂျာဂန်ကလော့က ဒေါ့မွန်နည်းပြ အဖြစ်နဲ့ပါ။ စုစုပေါင်း ခြောက်ကြိမ်မှာ အာစင်ဝင်းဂါးက သုံးပွဲနိုင်ပြီး ဂျာဂန်ကလော့က နှစ်ပွဲနိုင်ဖူးပါတယ်။ တစ်ကြိမ်ကတော့ သရေကျတာပါ။

play

 

၅။ လီဗာပူးဖြစ်နိုင်ဖွယ် လူစာရင်း

ဂိုး - မစ်ဂနိုလက်

နောက် -  ကလင်း၊ တိုယေး၊ ဆာခို၊ မိုရီနို၊

လယ် - အမ်မရီချန်၊ လူးကပ်စ်၊ မီလ်နာ၊ ဖာမီနို၊ လယ်လာနာ၊

ရှေ့ - ဘန်တီကီ

အာဆင်နယ် ဖြစ်နိုင်ဖွယ် လူစာရင်း

ဂိုး - ပီတာဆက်ခ်ျ၊

နောက် - မာတီဆက်ကာ၊ ကိုစီယယ်နီ၊ မွန်ရီရဲလ်၊

လယ် - ဖလာမီနီ၊ ရမ်ဆေး၊ ဝါးလ်ကော့၊ အိုဇေး၊ ကမ်းဘဲလ်

ရှေ့ - ဂျီရော့ဒ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ