Sports: ဆွမ်ဆီးကစားသမား ရှယ်လ်ဗီး နယူးကာဆယ် ရောက်

တန်းဆင်းဇုန်ထဲက လွတ်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်အသင်းရဲ့ အင်အားဖြည့်တင်းမှု ဖြစ်ပါတယ်။

play

 

ဆွမ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရှယ်ဗီးလ်ကို ခေါ်ယူလိုက်နိုင်ခဲ့ပြီလို့ နယူးကာဆယ်အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါပြီ။ ကွင်းလယ်ကစားသမား ရှယ်လ်ဗီးကို ပေါင် ၁၂ သန်းနဲ့ ခေါ်ခဲ့တာဖြစ်ပြီး ငါးနှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုင်နိုင်ခဲ့ပါတယ်။

ဆွမ်ဆီးအတွက် ၇၇ ပွဲကစားပြီး ၉ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရှယ်လ်ဗီးက ၂၀၁၃ ခုနှစ်မှာ လီဗာပူးကနေ ဆွမ်ဆီးအသင်းကို ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ အင်္ဂလန်လက်ရွေးစင်လည်း ဖြစ်တဲ့ ရှယ်လ်ဗေးက လူငယ်ကစားသမားတဦးလည်း ဖြစ်နေသေးတဲ့အတွက် ဆွမ်ဆီးကို ကောင်းကောင်း အကျိုးပြုနိုင်လိမ့်မယ်လို့ နယူးကာဆယ်နည်းပြ မက္ကလာရင်က ပြောပါတယ်။

play

 

ရလဒ်တွေမကောင်းလို့ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ နယူးကာဆယ်က ရာသီဝက်မှာ တန်းဆင်းဇုန်ထဲက လွတ်ဖို့ အင်အားဖြည့်တင်းနေတာပါ။ ဆွမ်ဆီးအသင်းမှာ နည်းပြဂယ်ရီမန့်ခ် မရှိတော့တဲ့နောက် ပွဲထွက်ခွင့် မသေချာဖြစ်လာခဲ့လို့ နယူးကာဆယ်ကို ပြောင်းဖို့ သဘောတူလိုက်တာပါ။

Source : talksports

Photos : Sky Sports, Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ