Sports: ရော်နယ်ဒို ရုပ်တုပေါ်မှာ မက်ဆီနာမည် ရောက်လာ

ရော်နယ်ဒိုရဲ့ မွေးရပ်မြေက ဂုဏ်ပြုရုပ်တုပေါ်မှာမက်ဆီရဲ့ နာမည်ကို ရေးခြစ်သွားခဲ့ကြတာပါ။

play

 

ဘလွန်းဒီအောဆုပေးပွဲမှာ မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရသွားတဲ့ အချိန်မှာ ရော်နယ်ဒိုအတွက် နောက်ထပ်ခံရခက်စေတဲ့ အရာတစ်ခု ထပ်ဖြစ်သွားပြန်ပါတယ်။ ရော်နယ်ဒိုရဲ့ မွေးရပ်မြေ ပေါ်တူဂီက ရော်နယ်ပုံတူဒိုရုပ်တုပေါ်မှာ မက်ဆီဆိုတဲ့ နာမည်ကို ရေးခြစ်သွားခဲ့ကြတာပါ။

ရော်နယ်ဒိုကို ဂုဏ်ပြုပြီးတော့ သူ့ရဲ့မွေးရပ်မြေ ပေါ်တူဂီက မက်ဒီရာဒေသမှာ ပုံတူရုပ်တု ထားရှိပေးထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ရုပ်တုပေါ်မှာ မက်ဆီရဲ့နာမည်နဲ့ မက်ဆီဝတ်ဆင်တဲ့ ကျောနံပတ် ၁၀ ကို မှုတ်ဆေးတွေနဲ့ ရေးဆွဲ သွားကြတာပါ။ ဒါကြောင့် ရော်နယ်ဒိုရဲ့ မွေးရပ်မြေ ပေါ်တူဂီမှာတောင် ရော်နယ်ဒိုကို အားမပေးပဲ မက်ဆီကိုသာ အားပေးတဲ့ ပရိသတ်တွေ ရှိနေပြီလားလို့ မေးခွန်းထုတ်ချင်စရာပါ။

play

 

ဒီလုပ်ရပ်ကို လုပ်သွားတဲ့ သူတွေက သူရဲဘောကြောင်ပြီး ရှက်စရာပဲလို့ ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူက ပြောပါတယ်။ နောက်ပြီး ရော်နယ်ဒိုရဲက အောင်မြင်မှုကို မနာလိုသူတွေဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ရော်နယ်ဒိုအတွက်တော့ တစ်ရက်တည်းမှာ စိတ်ပျက်စရာ နှစ်ခါ ကြုံခဲ့ရတာပါ။

Source : talksports

Photos : Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ