Sports: ဂျီရော့ဒ်နှစ်ဂိုး သွင်းပေမယ့် အာဆင်နယ် သရေတစ်မှတ်သာရ

နောက်ဆုံးမိနစ်မှာ အာဆင်နယ် ချေပဂိုး ပေးလိုက်ရပြီး တစ်ဖက်မှာတော့ လက်စတာက နိုင်သွားတဲ့အတွက် အမှတ်တူ အခြေအနေကို ပြန်ရောက်လာပါပြီ။

play

 

အမှတ်ပေးဇယားကို ဦးဆောင်ထားရတဲ့ အာဆင်နယ်က လီဗာပူးကွင်းမှာ သွားကစားခဲ့ရပြီး နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။။ ပထမပိုင်းမှာ တိုက်စစ်မှူးဂျီရော့ဒ်ရဲ့ မဟာလွဲချော်မှုကြီးကြောင့် သုံးဂိုးမြောက် ဂိုးဖို့ အခွင့်အရေးရှိခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဂျီရော့ဒ်က ဦးဆောင်ဂိုးပြန်သွင်းပေးပြီး သူ့ရဲ့အမှားကို ချေဖျက်လိုက်ပါတယ်။ အာဆင်နယ်ဘက်မှာ ဝါးလ်ကော့၊ အိုဇေးနဲ့ ဂျီရော့ဒ် တို့တိုက်စစ်ကို ဦးဆောင်ပါတယ်။ လီဗာပူးဘက်မှာ လယ်လာနာ၊ အမ်မရီချန်၊ ဖာမီနိုနဲ့  အီဘီတို့ ဦးဆောင်ခဲ့ပါတယ်။ လီဗာပူးက ဦးဆောင်ဂိုး အရင်ရတာ ဖြစ်ပါတယ်။ ၁၀ မိနစ်မှာ မီလ်နာရဲ့ ကန်ချက်ကို ဂိုးသမားပီတာဆက်ခ်ျပုပ်ထုတ်လိုက်ရပါတယ်။ ဒါကို ဖာမီနိုက အဆုံးသတ်လိုက်တာပါ။

play

 

ဒါပေမယ့် ၁၄ မိနစ်မှာ အာဆင်နယ်အတွက် ချေပဂိုးကို ရမ်ဆေးခြေစွမ်းပြပြီး ပြန်သွင်းယူခဲ့ပါတယ်။ အံ့သြစရာ ကောင်းလောက်အောင် ဂိုးတွေက မြန်ဆန်ခဲ့ပြီး ၁၉ မိနစ်မှာ လီဗာပူးဒုတိယဦးဆောင်ဂိုး ရပြန်ပါတယ်။ ခြေစွမ်းပြနေတဲ့ ဖာမီနိုက ဂိုးစည်းထပ်နားကနေ ဂိုးအပေါ်ထောင့်ထဲ လှမ်းကန်လိုက်တာဖြစ်ပါတယ်။ နောက်ထပ် ခြောက်မိနစ်အကြာမှာ အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်က ချေပဂိုး သွင်းပေးလိုက်ပါတယ်။ ရမ်ဆေးရဲ့ ထောင့်ကန်ဘောကတဆင့် ဂျီရော့်ဒ်ဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့တာပါ။

play

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းကစားပုံ ပိုကောင်းခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေဟာ အထူးကောင်းမွန်ခဲ့ပြီး အဲဒီကတဆင့် ဂိုးရသွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါ ဦးဆောင်ဂိုးကို သွင်းခဲ့သူကတော့ အာဆင်နယ်ပါ။ ပထမပိုင်းမှာ နှစ်ကိုက်အကွာက ဂိုးကို ဝင်အောင်မသွင်းနိုင်ပဲ အလွဲကြီးလွဲထားတဲ့ ဂျီရော့ဒ်ကပဲ ကမ်းဘဲလ်ရဲ့ ပေးပို့မှုကိုနောက်ခြေနဲ့ အသာထုတ် တိုယေးကို ခြေယောင်ပြပြီး ကန်သွင်းယူလိုက်တာပါ။

play

 

လက်ကျန်ပွဲချိန်တွေမှာ လီဗာပူး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း သတိထားနေရတာကြောင့် တိုက်စစ်ကို ရဲရဲဝံ့ဝံ့ မလိုက်နို်င် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာ အာဆင်နယ် ချေပဂိုး ပေးလိုက်ရပါတယ်။ ပင်နယ်တီဧရိယာထဲက ဘန်တီကီ ခေါင်းတိုက်လို့ ကျလာတဲ့ ဘောလုံးကို အာဆင်နယ်နောက်ခံလူတွေရှိနေတဲ့ကြားထဲက ဂျိုးအန်လန်က ပြေးကန်လိုက်တာ ဖြစ်ပါတယ်။

play

 

နောက်ဆုံးမိနစ်မှာ အာဆင်နယ် ချေပဂိုး ပေးလိုက်ရပြီး တစ်ဖက်မှာတော့ လက်စတာက နိုင်သွားတဲ့အတွက် အမှတ်တူ အခြေအနေကို ပြန်ရောက်လာပါပြီ။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ