Sports: ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ဂိုးကြောင့် ချယ်လ်ဆီး နိုင်ပွဲပျောက်

ချယ်လ်ဆီးတိုက်စစ်ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ရင် ဝက်စ်ရွန်းဆီက သရေတစ်မှတ်ထက်ပိုပြီး မျှော်လင့်နိုင်ခွင့် ရှိခဲ့မှာပါ။

play

 

နည်းပြသစ်ဂုဟစ်ဒင့်လက်ထက်မှာ ချယ်လ်ဆီးက ရှုံးပွဲမတွေ့သေးပေမယ့် ရလဒ်တွေ သိပ်ကောင်းနေပြီလို့လည်း ဆိုလို့မရပြန်ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲနိုင်ခဲ့ပြီးတဲ့နောက် ဒီနေ့ဝက်စ်ဘရွန်းနဲ့ ပွဲမှာတော့ ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ဂိုးကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။

ဒီနေ့ပွဲမှာ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ကော်စတာ၊ ပက်ဒရိုနဲ့ အော်စကာတို့ ဦးဆောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာ ပြဿနာဖြစ်နေတဲ့ ဟာဇက်မပါဝင်ခဲ့ပါဘူး။ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၀ မိနစ်မှာ နောက်ခံလူ အက်ဇပီလီကီတာက သွင်းယူပေးလိုက်တာပါ။ နောက်ထပ် မိနစ်ပိုင်းလေးမှာတင် ချယ်လ်ဆီးနောက်တစ်ဂိုး ရဖို့ အခွင့်အရေး ရှိခဲ့ပါသေးတယ်။ ပထမပိုင်းမှာ တိုက်စစ်မှူး ကော်စတာရဲ့ ခြေစွမ်း လုံးဝ မပေါ်လွင်ခဲ့တာ တွေ့ရပါတယ်။

play

 

၃၃ မိနစ်မှာ ဝက်စ်ဘရွန်း ချေပဂိုးရပါတယ်။ ပက်ဒရိုရဲ့ လူပေးမှားမှုကတဆင့် ဂါဒနာဆွဲယူသွားပြီး အဆုံးသတ်လိုက်တာပါ။ ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်အရောက်မှာ ချယ်လ်ဆီးအတွက် ဒုတိယအကြိမ် ဦးဆောင်ဂိုး ရပြန်ပါတယ်။ ဝီလျံရဲ့ ပေးပို့မှု ဝက်စ်ဘရွန်းနောက်ခံလူနဲ့ ထိပြီး ဂိုးဝင်သွားလို့ ချယ်လ်ဆီး ဒုတိယဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ မထင်မှတ်ထားတဲ့ အခြေအနေကနေ ဝက်စ်ဘရွန်းကစားသမား မက္ကလင်းက ဂိုးထောင့်ကို သွင်းယူလိုက်တာပါ။

play
ဝက်စ်ဘရွန်းရဲ့ နောက်ကျချေပဂိုးရှင်

 

ချယ်လ်ဆီးဂိုးပြန်မသွင်းနိုင်လို့ နိုင်ပွဲပျောက်ခဲ့ရပါတယ်။ ချယ်လ်ဆီးတိုက်စစ်ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ရင် ဝက်စ်ရွန်းဆီက သရေတစ်မှတ်ထက်ပိုပြီး မျှော်လင့်နိုင်ခွင့် ရှိခဲ့မှာပါ။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ