Sports: အသင်းကြီးတွေအားလုံး နိုင်ပွဲပျောက်သွားတဲ့ ပရီးမီးယားလိဂ်

ထိပ်ဆုံး စာရင်းဝင်နေကြတဲ့ အမှတ်ပေးဇယား အဆင့်-၁ကနေ ၆ အတွင်းအသင်းတွေထဲမှာ လက်စတာ တစ်သင်းပဲ နိုင်ပွဲရခဲ့ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ကစားခဲ့ကြပြီးတဲ့နောက် အသင်းကြီးတွေအားလုံး တိုက်တိုက်ဆိုင်ဆိုင် နိုင်ပွဲ ပျောက်ခဲ့ကြပါတယ်။ ပထမနေ့မှာ မန်ယူအသင်းက နောက်ဆုံးမိနစ် ချေပဂိုးကြောင့် နိုင်ပွဲပျောက်ထားသလို ဒုတိယနေ့မှာ အလားတူ ဖြစ်ရပ်ကို အသင်းကြီးအချို့ ကြုံလိုက်ရပါတယ်။

play

 

အာဆင်နယ်က လီဗာပူးကို ၃-၂ နဲ့ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေသာရခဲ့ပါတယ်။ မန်စီးတီးကလည်း အိမ်ကွင်းမှာ အဲဗာတန်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ အဂူရိုနဲ့ ဆေးလ်ဗားတို့ ခြေစွမ်းပြဖို့ ကြိုးစားခဲ့ပေမယ့် မာကျောတဲ့ အဲဗာတန် ခံစစ်ကို မထိုးဖာက်နိုင်ခဲ့ကြတာပါ။

play

 

ချယ်လ်ဆီးကတော့ ဝက်စ်ဘရွန်းကို ၂-၁ နဲ့ ဦးဆောင်ခဲ့ပေမယ့် ၈၆ မိနစ်မှာ သွင်းယူလိုက်တဲ့ မက္ကလင်းရဲ့ ချေပဂိုးကြောင့် သရေပွဲသာ ဖြစ်ခဲ့ပြန်ပါတယ်။ ချယ်လ်ဆီးအတွက် တိုက်စစ်မှူး ကော်စတာ ဒီနေ့ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။

play

 

ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းတွေထဲမှာ နိုင်ပွဲရတဲ့ အသင်း တစ်သင်းပဲရှိခဲ့ပါတယ်။ ၈၃ မိနစ်မှ သွင်းယူတဲ့ နောက်ခံလူ ဟုသ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ စပါးအသင်းကို နိုင်သွားခဲ့တာ လက်စတာပါ။

play

 

လက်စတာက ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ အမှတ်တူအခြေအနေကို ပြန်ရောက်လာပါပြီ။ ထိပ်ဆုံး စာရင်းဝင်နေကြတဲ့ အမှတ်ပေးဇယား အဆင့်-၁ကနေ ၆ အတွင်းအသင်းတွေထဲမှာ လက်စတာ တစ်သင်းပဲ နိုင်ပွဲရခဲ့ပါတယ်။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ