Sports: ယခုနှစ် ဘောလုံးရာသီအတွက် ဖုန်ဂန်အသင်း ကျပ် သိန်းတစ်ထောင်ကျော် သုံးစွဲမည်

အသင်းဥက္ကဌ  ဦးအက်စ်ဒီးတန်က ယူ-၁၈ လူငယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစားသမားရှာဖွေရာတွင် အခက်အခဲများရှိခဲ့ပြီး ဖုန်ဂန်အသင်း၏ ယူ-၁၈ ကစားသမားအများစုမှာလည်း ရန်ကုန်အခြေစိုက်ကစားသမားများဖြစ်ကြောင်းပြောသည်။

play

 

ပူတာအို အခြေစိုက်အသင်းတစ်သင်းဖြစ်သည့် ဖုန်ဂန် အသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ နှင့် လူငယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အသုံးစရိတ်ကို ကျပ်သိန်းတစ်ထောင်မှ တစ် ထောင့်ငါးရာကြား သုံးစွဲမည်ဖြစ်ကြောင်း အသင်းစီအီးအို ဦးမုန်ဒန်အောင်ကပြောသည်။

play

 

အသင်းဥက္ကဌ  ဦးအက်စ်ဒီးတန်က ယူ-၁၈ လူငယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစားသမားရှာဖွေရာတွင် အခက်အခဲများရှိခဲ့ပြီး ဖုန်ဂန်အသင်း၏ ယူ-၁၈ ကစားသမားအများစုမှာလည်း ရန်ကုန်အခြေစိုက်ကစားသမားများဖြစ်ကြောင်းပြောသည်။

အဆိုပါ အသင်းသည် ယင်းဒေသတွင် မူးယစ်ဆေးစွဲနေသည့် လူငယ်များကို အားကစား၌ စိတ်ပါလာကာ အားကစားဖြင့် အသက်မွေးဝမ်းကျောင်းပြုစေလို၍ တောင်ပေါ်သားနှင့် မြေပြန့်သား ခွဲခြားမှုမရှိဘဲ အသင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်- ၂ သို့ ပထမဆုံး စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Source: 7 Day Daily

Photo: ဖုန်ဂန်အသင်း Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ