Sports: အရပ်ပုတယ် အပြောခံလိုက်ရတဲ့ မက်ဆီ

အက်စ်ပန်ညိုကို ၂-၀ ဂိုးနဲ့ ထပ်နိုင်ခဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား ဂွန်ဇာလက်က မက်ဆီ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

play

 

အက်စ်ပန်ညိုအသင်းကို ဘာစီလိုနာက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ပွဲစဉ်အပြီးမှာ မက်ဆီနဲ့ အက်စ်ပန်ညိုကစားသမား ဂွန်ဇာလက်တို့အကြား စကားအချေအတင်များခဲ့ကြတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။

ပွဲပြီးတော့ ဂွန်ဇာလက်က မက်ဆီထံကို သွားပြီး “မင်းက တော်တော်အရပ်ပုတဲ့ကောင်ပဲ” လို့ စပြောခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ မက်ဆီကလည်း ချက်ခြင်းတုန့်ပြန်လိုက်ပါတယ်။ “ အေး။ မင်းလည်း ခြေတော်တော်ညံ့တဲ့ကောင်ပဲ” လို့ ပြန်ပြောလိုက်တယ်လို့ ဆိုပါတယ်။

play

 

အက်စ်ပန်ညိုနဲ့ ဘာစီလိုနာဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲအတွက် တစ်ပတ်အတွင်း နှစ်ကြိမ်လုံး ဘာစီလိုနာကသာ အနိုင်ရခဲ့ပါတယ်။ အက်စ်ပန်ညိုနဲ့ ဒုတိယအကျော့မတိုင်ခင်လေးမှာတင် မက်ဆီက ဘလွန်းဒီအောဆု ငါးကြိမ်ရထားသူအဖြစ် စံချိန်တင်ထားတာပါ။

Source  & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ