Sports: ဘောလုံးပွဲ ၁၅ ပွဲရလဒ်ကို မှန်အောင်ခန့်မှန်းလို့ ပေါင် သုံးသိန်း အနိုင်ရ

လောင်းကြေး ၉၆ ပေါင်သာ အသုံးပြုခဲ့ပေမယ့် ပွဲစဉ်အားလုံး မှန်ကန်သွားတာကြောင့် အမြင့်ဆုံး ဆုကြေးငွေ စတာလင်ပေါင် သုံးသိန်း ရသွားတာဖြစ်ပါတယ်။

play

 

အင်္ဂလန်မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဟာ အက်ဖ်အေဘောလုံးပွဲနဲ့ အခြား လာလီဂါပွဲ ၁၅ ပွဲလုံးရဲ့ ရလဒ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တဲ့အတွက် လောင်ကြေး ပေါင်သုံးသိန်း အနိုင်ရသွားပါတယ်။ လောင်းကြေး ၉၆ ပေါင်သာ အသုံးပြုခဲ့ပေမယ့် ပွဲစဉ်အားလုံး မှန်ကန်သွားတာကြောင့် အမြင့်ဆုံး ဆုကြေးငွေ စတာလင်ပေါင် သုံးသိန်း ရသွားတာဖြစ်ပါတယ်။

coral.co.uk ဆိုတဲ့ အွန်လိုင်း လောင်ကစားဝက်ဘ်ဆိုက်မှာ အလောင်းအစား ဝင်လုပ်ခဲ့တာပါ။ အနိုင်သွားတဲ့ ဆုကြေးငွေ အတိအကျကတော့ ပေါင် ၃၀၆၁၃၉.၆၀ ဖြစ်ပါတယ်။ အနိုင်ရသွားသူ လူငယ်လေးက ဒါဘီအသင်းရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သူ့အဖေရဲ့ အကြွေးတွေကိုလည်း ကူဆပ်ပေးသွားမယ်လို့ဆိုလာပါတယ်။ သူလောင်းကြေးထပ်ခဲ့တဲ့ အသင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ဘုန်းမောက် က ဘာမင်ဂမ်ကိုနိုင်

- စတုတ်စီးတီးက ဒွန်ကက်စတာကိုနိုင်

- အိစ်အိတ် နှင့် ဘောလ်တန် သရေ

- ဟက်ဒါဖီးလ်နှင့် ရီးဒင်းသရေ

- ဟားလ်စီးတီး က ဘရိုက်တန်ကို နိုင်

- မန်စီးတီးက နောဝှစ်ခ်ျကိုနိုင်

- ခရစ္စတယ်ပဲလေ့စ်က ဆောက်သမ်တန်ကိုနိုင်

- ဝက်ဖို့ဒ်က နယူးကာဆယ်ကိုနိုင်

- ဝက်စ်ဟမ်းက ဝုဖ် အသင်းကိုနိုင်

- ဆီဗီလာက ဘီဘာအိုကိုနိုင်

- အောက်စဖို့ဒ်က ဆွမ်ဆီးကိုနိုင်

- စပါးနှင့်လက်စတာ သရေ

- အသလက်တီကိုက ဆဲလ်တာဗီဂိုကိုနိုင်

- အီဘာက အက်စ်ပန်ညိုကိုနိုင်

ဆိုပြီး လောင်းကြေးထပ်ခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ