Sports: ကူဝိတ်အသင်းကို ဖီဖာဒဏ်ရိုက်ပြီး မြန်မာကို ၃-၀ ဂိုးဖြင့် အနိုင်ပေး

ကူဝိတ်လက်ရွေးစင် ဘောလုံးအသင်းပေါ် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဖီဖာက အခုလို ဒဏ်ရိုက်လိုက်တာပါ။

play

 

မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မကစားခဲ့ရတဲ့ ကူဝိတ်အသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေ ဆွစ်ဖရန့် တစ်သောင်း ဒဏ်ရိုက်လိုက်ပါတယ်။ လက်ရွေးစင် ဘောလုံးအသင်းပေါ် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဖီဖာက အခုလို ဒဏ်ရိုက်လိုက်တာပါ။

ဖီဖာရဲ့ပြိုင်ပွဲတွေကို ကူဝိတ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မပြုနိုင်အောင်လို့လည်း တားမြစ်လိုက်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု (G) အတွင်းမှာ ကူဝိတ်နဲ့ မြန်မာက တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ကူဝိတ်အသင်း မကစားဖြစ်ခဲ့တဲ့ ပွဲစဉ်အတွက်လည်း ဖီဖာက မြန်မာကို အလိုအလျှောက် ၃-၀ ဂိုးနဲ့ အနိုင်ပေးတဲ့ စနစ် ကျင့်သုံးလိုက်ပါတယ်။

play

 

ဖီဖာရဲ့ ပြစ်ဒဏ် ထွက်လာချိန်မှာ ကူဝိတ်က ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု (G) အတွင်း ဒုတိယနေရာက ရပ်တည်နေတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ အုပ်စုကို ဦးဆောင်ထားသူက တောင်ကိုရီးယားဖြစ်ပြီး မြန်မာကတော့ ၇ ပွဲကစားကာ ၇ မှတ်ရထားပါတယ်။ မြန်မာရဲ့ အုပ်စုနောက်ဆုံးပွဲက လာမယ့် မတ်လ၂၉ ရက် မှာ ကစားရမယ့် လက်ဘနွန်နဲ့ပွဲ ဖြစ်ပါတယ်။

ှSource : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ