Sports: ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကို ကစားသမားဝယ်ခွင့် ပိတ်ခံရ

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားဝယ်ယူခွင့်ပိတ်ခံလိုက်ရလို့ စိတ်အေးသွားရတာ မန်ယူဖြစ်ပါတယ်။

play

 

ဖီဖာရဲ့ ကစားသမားအပြောင်းအရွှေ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကိုအသင်းတို့ကို ကစားသမားအသစ်ဝယ်ယူခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီပြစ်ဒဏ်ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကိုဟာ နောက်လာမယ့် ဘောလုံးရာသီ တစ်နှစ်လုံး နိုင်ငံခြားသား ကစားသမားဝယ်ယူခွင့် ရမှာမဟုတ်တော့ပါဘူး။

play

 

အသလက်တီကိုအသင်းက ဆွစ်ဖရန့်ငွေ ၉၀၀၀၀၀ နဲ့ ရီးရဲလ်မက်ဒရစ်က ဆွစ်ဖရန့်ငွေ ၃၆၀၀၀၀ ဒဏ်ငွေ ဆောင်ရဦးမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီနှစ်သင်းလုံး ကစားသမား ဝယ်ယူခွင့်ရှိပါသေးတယ်။ လောလောဆယ်ဆိုတာ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဝယ်လို့ရသေးတာကို ဆိုလိုတာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဝယ်ယူခွင့်ပိတ်ခံလိုက်ရလို့ စိတ်အေးသွားရတာ မန်ယူဖြစ်ပါတယ်။ သာမန်အတိုင်းဆိုရင် မန်ယူအသင်းက ဂိုးသမား ဒီဂီယာက လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ နံပတ်-၁ ပြေးနေတဲ့ ကစားသမားပါ။ ချယ်လ်ဆီးအသင်းက ဟာဇက်ကို ရီးရဲလ်မက်ဒရစ် ခေါ်မယ်ဆိုတာလည်း ဖြစ်လာဖို့ မကျိမ်းသေတော့ပါဘူး။

play

 

အသင်းတွေဘက်ကတော့ ဒီကိစ္စအတွက် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမယ့် ပြစ်ဒဏ်ကို အယူခံဝင်ခွင့်ရှိပါသေးတယ်။ ဒီလိုပြစ်ဒဏ်မျိုး ဘာစီလိုနာလည်း ကြုံခဲ့ရဖူးပြီး လာမယ့်နွေရာသီရောက်မှ ကစားသမားဝယ်လို့ ရမှာပါ။

Source : BBC

Photos : Skysports, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ