Sports: အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင်အာရှ ပြိုင်ပွဲများတွင် လုံခြုံရေးနှစ်ဆတိုးမြှင့်မည်

ယင်းပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရန် ဝန်ကြီးဌာနများ အတူတကွ ပူးပေါင်းဆောင်ရွက်၍ ပြည်ပနိုင်ငံမှ လာရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ လုံခြုံရေးကို ဂရုစိုက်ရန် ၊ ၎င်းတို့နှင့်အတူပါလာမည့် အားကစားအသုံးအဆောင်များကို သေချာစစ်ဆေးရန်အပြင် ၄င်းတို့ တည်းခိုနေထိုင်မည့် ဟိုတယ်များနှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေးကို နှစ်ဆတိုးမြှင့်ထားရန် လိုအပ်ကြောင်းပြောသည်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့မှာ လက်ခံကျင်းပမည့် အရှေ့ တောင်အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲနှင့် မြန်မာအိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် လုံခြုံရေးနှစ်ဆတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ဇန်နဝါရီလ (၁၄) ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲများနဲ့ ပက်သက်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြိုင်ပွဲ ကျင်းပရေးနှင့် အားကစားအဖွဲ့များအား ပြောကြားခဲ့သည်။

play

 

ယင်းပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရန် ဝန်ကြီးဌာနများ အတူတကွ ပူးပေါင်းဆောင်ရွက်၍ ပြည်ပနိုင်ငံမှ လာရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ လုံခြုံရေးကို ဂရုစိုက်ရန် ၊ ၎င်းတို့နှင့်အတူပါလာမည့် အားကစားအသုံးအဆောင်များကို သေချာစစ်ဆေးရန်အပြင် ၄င်းတို့ တည်းခိုနေထိုင်မည့် ဟိုတယ်များနှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေးကို နှစ်ဆတိုးမြှင့်ထားရန် လိုအပ်ကြောင်းပြောသည်။

play

 

၂၀၁၆ အရှေ့တောင်အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲကို ဇန်နဝါရီလ (၂၃) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌လည်းကောင်း၊ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၄) ရက်မှ (၇) ရက်အထိ ရန်ကုန်မြို့ မင်္ဂလာဒုံဂေါက်ကွင်း၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

Source: 7 Day Daily

Photo: seagames2015, cnmsports, southeastasiansports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ