Sports: ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဝက်ဖို့ဒ်အသင်း သိမ်းပိုက်

ဒီဇင်ဘာလထဲမှာ အသင်းကို နိုင်ပွဲဆက်အောင် လုပ်ပေးခဲ့တဲ့ အသင်းမန်နေဂျာနဲ့ တိုက်စစ်မှူး ကို ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေ ပေးလိုက်တာပါ။

play

 

ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုကို ဝက်ဖို့ဒ်အသင်းက သိမ်းပိုက်သွားပါတယ်။ ဒီဇင်ဘာလအတွင်း အသင်းအားလုံး ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရချိန်မှာ ဝက်ဖို့ဒ်က ရလဒ်တွေကောင်းခဲ့ပါတယ်။

ဒီဇင်ဘာလ ပထမဆုံးသုံးပွဲကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် အသင်းမန်နေဂျာ ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆု ပေးခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာထဲမှာပဲ စပါအသင်းကို ရှုံးသွားခဲ့ပေမယ့် လီဗာပူးကို သုံးဂိုးနဲ့နိုင်ပြီး ချယ်လ်ဆီးကို တစ်ဖက်နှစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။ ဝက်ဖို့ဒ်အသင်းသမိုင်းမှာတော့ နည်းပြကို တစ်လတာအကောင်းဆုံးဆု ပေးခြင်းခံလိုက်ရတာ ဒါပထမဆုံး အကြိမ်ပါ။

play

 

တိုက်စစ်မှူး အီဂါလိုကတော့ ဒီဇင်ဘာလအတွက်အတွင်းမှာ ငါးဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာ ဗာဒီနဲ့ လူကာကူပြီးရင် အီဂါလိုက ၁၃ ဂိုးနဲ့ ဂိုးသွင်းအများဆုံးပါ။

Source & Photos : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ