Sports: ၂၀၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲ ကျင်းပမည်

ပြိုင်ပွဲတွင် အုပ်စုအောက်ဆုံး၌ ရပ်တည်ခဲ့သည့် အသင်းများသည် ခြေစစ်ပွဲမှ ယှဉ်ပြိုင်ရသော်လည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်းကြောင့် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

play

 

မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့်၂၀၁၆ အာဆီယံဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် မဲနှိုက်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ၊ သြဂုတ်လတွင် ရန်ကုန်မြို့ ၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

play

 

၂ နှစ် တစ်ကြိမ်ကျင်းပနေသည့် ဆူဇူကီးဖလားအုပ်စုအဆင့်တွင် ပြိုင်ပွဲဝင်ရှစ်သင်း ပါဝင်မည်ဖြစ်ကာ အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲအဆင့်ပွဲများကို အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

play

 

၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု အောက်ဆုံး၌ ရပ်တည်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အုပ်စုအောက်ဆုံး၌ ရပ်တည်ခဲ့သည့် အသင်းများသည် ခြေစစ်ပွဲမှ ယှဉ်ပြိုင်ရသော်လည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်းကြောင့် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

Source: 7 Day Daily

Photo: affsuzukicup2014

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ