Sports: နေမာထက် မက်ဆီကို ခေါ်ရတာ ပိုလွယ်လိမ့်မယ်လို့ ပြောတဲ့ ဆေးလ်ဗား

ဆေးလ်ဗားက အသက် (၂၃) နှစ်အရွယ် နေမာဟာ နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစာသမားနေရာကို ဆက်ခံဖို့ အလားလာ အကောင်းဆုံးရှိနေတဲ့အတွက် သူ့ကို ဘာစီလိုနာအသင်းက မဖြစ်ဖြစ်တဲ့ နည်းနဲ့ ဆက်ထိန်းထားမယ်လို့လည်း ဆိုပါတယ်။

play

 

ပီအက်စ်ဂျီအသင်းရဲ့ အသင်းခေါင်းဆောင်နှင့် နောက်ခံကစားသမားဖြစ်သူ တီယာဂို ဆေးလ်ဗားက သူ့အသင်းအနေနဲ့ ဘာစီိလိုနာအသင်း ရှေ့တန်းကစားသမားဖြစ်သူ နေမာကို ခေါ်ယူတာထက် အသက် (၂၈) နှစ် အရွယ် မက်ဆီကိုခေါ်ယူတာက ပိုပြီးတော့ လွယ်ကူလိမ့်မယ်လို့ ဒီနေ့တွေ့ဆုံခဲ့တဲ့ France 3 ရုပ်သံနဲ့ တွေ့ဆုံ မေးမြန်းမှု အစီအစဉ်မှာ ပြောပါတယ်။

play

 

ဆေးလ်ဗားက အသက် (၂၃) နှစ်အရွယ် နေမာဟာ နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစာသမားနေရာကို ဆက်ခံဖို့ အလားလာ အကောင်းဆုံးရှိနေတဲ့အတွက် သူ့ကို ဘာစီလိုနာအသင်းက မဖြစ် ဖြစ်တဲ့ နည်းနဲ့ ဆက်ထိန်းထားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

ဒ့ါအပြင် ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ဘာစီလိုနာအသင်းအနေနဲ့လည်း မက်ဆီကို သူတို့အသင်းရှိ ပြောင်းရွေ့ဖို့အတွက် ရောင်းချသွားနိုင်ဖို့ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

play

 

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ မက်ဆီကတော့ သူအမြဲတမ်းပြောနေတဲ့အတိုင်း သူရဲ့ ဒုတိယ အိမ်လိုဖြစ်နေတဲ့ ဘာစီလိုနာအသင်းမှာဘဲ ကစားသမားဘဝ နောက်ဆုံးအချိန်အထိ ကစားသွားလိုကြောင်းနှင့် အသင်းကနေ မစွန့်ခွာခြင်းကြောင့် တုန့်ပြန်ထားပါတယ်။

ှSource & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ