Sports: ရီးရဲလ်မက်ဒရစ်ကို ချက်ခြင်းရောက်လာနိုင်တဲ့ ပရီးမီးယားလိဂ် ကစားသမား (၅) ဦး

နောက်ရာသီမှာ ပြည်ပကစားသမားသစ် ဝယ်ခွင့်ပိတ်ခံရတော့မှာဖြစ်လို့ ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားအချို့ကို ရီးရဲလ်မက်ဒရစ် ချက်ခြင်းခေါ်ဖို့ ပြင်ဆင်နေပါပြီ။

play

 

ကစားသမားအပြောင်းအရွှေ့စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကိုတို့ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကစလို့ ကစားသမား ဝယ်ယူခွင့် ပိတ်ပင်ခံရတော့မှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ရောက်မှ ပြစ်ဒဏ်ကလွတ်မှာပါ။ ပြစ်ဒဏ်ကို အယူခံဝင်ခွင့် ရှိသေးတယ်ဆိုပေမယ့် အယူခံ မအောင်မြင်ခဲ့ရင် အခုဇန်နဝါရီအပြောင်းအရွှေ့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား နောက်ဆုံးဝယ်ယူခွင့်ရတဲ့ ကာလဖြစ်လာမှာပါ။

နောက်ရာသီမှာ ပြည်ပကစားသမားသစ် ခေါ်ယူခွင့်မရှိတော့မှာ ဖြစ်တာကြောင့် အခုဇန်နဝါရီမှာ ပရီးမီးယားလိဂ်က ကစားသမားတွေ ရီးရဲလ်ကို ချက်ခြင်းရောက်သွားနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အယူခံကြောင့် ပြစ်ဒဏ်ကို ရွှေ့ဆိုင်းတာမျိုး ဖြစ်သွားနိုင်ပြီး လာမယ့်နွေရာသီအထိ ကစားသမားခေါ်လို့ ရတယ်ဆိုတာမျိုး ရှိနိုင်ပါတယ်။ ဘာစီလိုနာတုန်းကလည်း ဒီလိုပြစ်ဒဏ်ထိတော့ ဆွာရက်ဇ်ကို ချက်ခြင်းခေါ်ခဲ့ပါတယ်။ ဖီဖာရဲ့ ပြစ်ဒဏ်ကြောင့် မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ကို ရောက်နိုင်တဲ့ ပရီးမီးယားလိဂ် ကစားသမား (၅) ငါးဦးအထိ ရှိနေပါတယ်။

၁။ အီဒင်ဟာဇက် ( ချယ်လ်ဆီး )

play

 

ဟာဇက်က ရာသီကုန်ရင်ချယ်လ်ဆီးက ထွက်ခွာဖို့ အဆင်သင့်ပြင်ထားတဲ့သူလို့ သိရပါတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အတော်လေး သဘောကျနေတာပါ။ အခုတော့ ဇန်နဝါရီလထဲမှာတောင် ရောက်သွားနိုင်ပါတယ်။ တန်ကြေးကတော့ ပေါင်သန်း ၈၀ ပါ။

၂။ ဂျွန်စတုန်း (အဲဗာတန်)

play

 

အသင်းကြီးတွေအားလုံး မျက်စိကျနေတဲ့ အဲဗာတန်က လူငယ်ကစားသမား ဂျွန်စတုန်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ဖို့စောင့်ကြည့်နေသူပါ။ လောလောဆယ်သိပ်မလှုပ်ခပ်သေးပေမယ့် ဘယ်သူမှ ထင်မထားတဲ့အချိန် ရုတ်တရက် ရောက်သွားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

၃။ ဒီဂီယာ  (မန်ယူ)

play

 

ဒီနှစ်ဘောလုံးရာသီစတင်တဲ့အချိန် အပြောင်အရွှေ့ကာလာ နောက်ဆုံးရက်မှာ ရီးရဲလ်မက်ဒရစ်ကိုရောက်ဖို့ လက်တကမ်းအလိုထိ ဖြစ်သွားတဲ့ ဂိုးသမား ဖြစ်ပါတယ်။ စာရွက်စာတမ်းပေးပို့ချိန် ကျော်လွန်သွားလို့သာ မန်ယူမှာပဲ ဆက်ရှိခဲ့တာပါ။ လာမယ့်နွေရာသီအထိ ရီးရဲလ်က ကစားသမားဝယ်လို့ရမယ်ဆို ဒီဂီယာလည်း ရောက်သွားနိုင်ပါတယ်။

၎။ ဟယ်ရီကိန်း (စပါး)

play

 

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းလည်း ရီးရဲလ်ကို ရောက်နိုင်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာတော့ မရောက်နိုင်ပါဘူး။ ဒီနှစ်မှာ စပါးအသင်းက အနိမ့်ဆုံး အဆင့်-၃ လောက်ကို ချိန်နေတဲ့ အသင်းဖြစ်နေလို့ပါ။

Source & Photos : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ