Sports: လေဗာကူဆင်မှာ အောင်မြင်နေတဲ့ ဟာနန်ဒက်ဇ်

မန်ယူမှာ မလိုအပ်ဘူးဆိုပြီး ရောင်းချလို်က်တဲ့ ဟာနန်ဒက်ဇ်က အခုတော့ လေဗာကူဆင်မှာ ဂိုးသွင်းဘုရင်တောင် ဖြစ်နေပါသေးတယ်။

play

 

မန်ယူအသင်းနဲ့ နည်းပြဗန်ဟားလ်က ပရီးမီးယားလိဂ်မှာ ဖိအားတွေနဲ့ ရုန်းကန်နေရတဲ့ အချိန် အသင်းက ရောင်းထုတ်ခံလိုက်ရတဲ့ ကစားသမားဟောင်း ဟာနန်ဒက်ဇ်ကတော့ ဘွန်ဒက်စ်လီဂါမှာ အောင်မြင်သူ ဖြစ်နေပါတယ်။ ဟာနန်ဒက်ဇ် ဘယ်လောက်ပျော်နေသလဲဆို အောက်ကပုံကို ကြည့်ရင်သိနိုင်ပါတယ်။

play

 

ဘွန်ဒက်စ်လီဂါရာသီဝက်အပြီးမှာ လေဗာကူဆင်အသင်းအတွက် ၁၉ ဂိုးသွင်းယူထားသူက ဟာနန်ဒက်ဇ်ပါ။ ရာသီဝက်နားတုန်း အပန်းဖြေနေတဲ့ ဟာနန်ဒက်ဇ်က သူ့ကောင်မလေးနဲ့ ဆွဲထားတဲ့ ဆယ်လ်ဆီကို အင်စတာရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက ထွက်ခဲ့ရတာနဲ့ ပတ်သတ်ပြီး နည်းပြဗန်ဟားလ်နဲ့ အသင်းဆုံးဖြတ်ချက်ကို အပြစ်မမြင်ဘူးလို့ ဟာနန်ဒက်ဇ်က ပြောထားပါတယ်။

play

 

“ဘောလုံးတစ်ပွဲမှာ တစ်သင်းကို ကစားသမား ၁၁ ယောက်ပဲ ပွဲထွက်ခွင့်ရှိတာလေဗျာ။ နည်းပြတိုင်းမှာတော့ သူတို့ကိုယ်ပိုင် အစီအစဉ်တွေရှိကြမှာပါ။ အခြားသူတွေ အပြစ်တင်ကြတာတော့ သူတို့အပိုင်းပေါ့” လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။ ဟာနန်ဒက်ဇ်က ဘွန်ဒက်စ်လီဂါမှာ ရာသီဝက်အပြီး ၁၉ ဂိုးသွင်းထားချိန်မှာ မန်ယူကတော့ ပရီးမီးယားလိဂ် ၂၁ ပွဲကစားပြီး ၂၇ ဂိုးသာ ရထားပါတယ်။ 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ