Sports: ချန်ပီယံရှစ်က ကျူပီအာ တိုက်စစ်မှူး အော်စတင် ပရီးမီးယားလိဂ် ရောက်ပြီ

အော်စတင်က ကျူပီအာအတွက် မနှစ်ကဘောလုံးရာသီမှာ ၁၈ ဂိုးအထိ သွင်းပေးခဲ့သူ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စတုတ္ထဂိုးသွင်းအများဆုံးသူ ဖြစ်ခဲ့ပါတယ်။

play

 

မနှစ်ကဘောလုံးရာသီမှာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတဲ့ ကျူပီအာအသင်းတိုက်စစ်မှူး အော်စတင် ပရီးမီးယားလိဂ်ကို ရောက်လာခဲ့ပါပြီ။ အော်စတင်ကျူပီအာအတွက် မနှစ်ကဘောလုံးရာသီမှာ ၁၈ ဂိုးအထိ သွင်းပေးခဲ့သူ ဖြစ်ပေမယ့်လည်း အသင်းကရလဒ်မကောင်းခဲ့ပဲ တန်းဆင်းခဲ့ရပါတယ်။

အခု ကျူပီအာအသင်းတိုက်စစ်မှူး အော်စတင်ကို ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်က ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းက ဒါကို အတည်ပြုပေးခဲ့ပြီး ၂၀၂၀ အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် တန်ကြေးဘယ်လောက်နဲ့ ခေါ်လိုက်သလဲ ဆိုတာကိုတော့ အသင်းဘက်က လျှို့ဝှက်ထားဆဲပါ။

play

 

လက်ရှိဘောလုံးရာသီမှာလည်း အော်စတင်က ကျူပီအာအတွက် ချန်ပီယံရှစ်မှာ ၁၀ ဂိုးသွင်းပေးထားတဲ့ သူပါ။ ဆောက်သမ်တန်မှာ မနှစ်ကလို ခြေစွမ်းမပြနိုင်တော့တဲ့ တိုက်စစ်မှူး ပယ်လီနဲ့ ရှိန်းလောင်းတို့အတွက် အားဖြည့်ပေးမယ့် နောက်ထပ်တိုက်စစ်မှူး ရောက်လာခဲ့ပါပြီ။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ