Sports: တယ်ရီကြောင့် သရေတစ်မှတ်ရလိုက်တဲ့ ချယ်လ်ဆီး

, updated

မိနစ်ကိုးဆယ်ရောက်မှ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အချိန်ပိုနောက်ဆုံးမိနစ်မှာ ချယ်လ်ဆီးက ချေပဂိုး ပြန်ရလိုက်တာပါ။

play

 

အသင်းခေါင်းဆောင် တယ်ရီရဲ့ အချိန်ပိုနောက်ဆုံးမိနစ်မှာ သွင်းလိုက်တဲ့ ဂိုးကြောင့် ချယ်လ်ဆီး သရေတစ်မှတ်တော့ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဟာဇက်မပါဝင်နိုင်ခဲ့ဘဲ မီခေးလ်၊ ဝီလီယံ၊ ပက်ဒရို၊ ကော်စတာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။  အဲဗာတန်ဘက်ကတော့ ထုံးစံအတိုင်း လူကာကူကို အထောင်ထားပြီး မီယာလက်စ်၊ လန်နွန်တို့နဲ့ တိုက်စစ်ကို အားဖြည့်ခဲ့တာပါ။

play

 

ပထမပိုင်းမှာချယ်လ်ဆီးတိုစစ်က အတော်လေး အလုပ်မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးရာမှာ လွဲချော်မှုများပြီး ကော်စတာနဲ့ ကွင်းလယ်ကစားသမားတွေကြား အချိတ်အဆက် မမိခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ဘက်က ပိုပြီးထိုးဖောက်ခွင့်ရခဲ့တာပါ။ ပထမဆုံးဂိုးကို ပွဲချိန် ၅၀ မိနစ်မှာ ဧည့်သည်အဲဗာတန်က ရသွားတာဖြစ်ပါတယ်။ တယ်ရီကဖျက်ထုတ်ရာမှာ ကိုယ့်ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ခြောက်မိနစ်အကြာမှာ အဲဗာတန် ဂိုးထပ်ရပြန်ပါတယ်။

play

 

နောက်ထပ် သုံးမိနစ်အကြာမှာ  ချယ်လ်ဆီးမမျှော်လင့်ပဲ ဂိုးပြန်ရလိုက်ပါတယ်။ ဖာဘရီဂတ်စ်ရဲ့ ကန်ချက်ဂျာဂျီရယ်ကာနဲ့ ထိပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိနစ်ကိုးဆယ်ရောက်မှ လူကပ်ကစားခံရခြင်း မရှိဖြစ်နေတဲ့ မိုရီက ဒီလိုဖျူ ဖြတ်တင်လိုက်တဲ့ ဘောလုံးပို ပိတ်သွင်းယူလိုလို့ ချယ်လ်ဆီး ရှုံးမလို ဖြစ်ခဲ့ရပါတယ်။ အချိန်ပို ၇ မိနစ်မှာ ချယ်လ်ဆီး ဆက်တိုက်ဖိကစားခဲ့ပြီးနောက် တယ်ရီကြောင့် တစ်ဂိုးပြန်ရပါတယ်။ အချိန်ပို နောက်ဆုံးမိနစ်မှာ ရှေ့ရောက်နေတဲ့ တယ်ရီက နောက်ဖနောင့်နဲ့ အသာပိတ်သွင်းယူလိုက်တာပါ။

play

၉၀ မိနစ်မှာ ပေးလိုက်ရတဲ့ ဂိုး

တစ်ဖက်မှာတော့ မန်စီးတီးလည်း ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုးပြတ် နိုင်ပွဲရခဲ့ပါတယ်။

 

Source  & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ