Sports: မဲလ်ဘုန်းမှာ အတွင်းခံတစ်စုံကြောင့် စိတ်ရှုပ်ခဲ့ရတဲ့ ရှာရာပိုဗာ

ရှာရာပိုဗာအတွက် သြစတြေးလျအိုးပင်း ပြင်ဆင်မှုတွေက အဆင်ပြေခဲ့ပြီး အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပေမယ့် စိတ်ရှုပ်စရာ ပြဿနာလေးတစ်ခု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာရဲ့အဖြစ်က ရယ်စရာလည်းကောင်း၊ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ရှာရာပိုဗာဟာ ဇန်နဝါရီ ၁၈ ရက်မှာ စတင်မယ့် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် မဲလ်ဘုန်းကို ရောက်ရှိနေပါတယ်။

play

 

ရှာရာပိုဗာအတွက် သြစတြေးလျအိုးပင်း ပြင်ဆင်မှုတွေက အဆင်ပြေခဲ့ပြီး အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ရှာရာပိုဗာအတွက် စိတ်ရှုပ်စရာ ပြဿနာလေးတစ်ခု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

play

ရှာရာပိုဗာက Melbourne Park လျှော်ဖွတ်ရေး ဝန်ဆောင်မှုကို သူမရဲ့ သူမရဲ့ အဝတ်အစားတွေကို လျှော်ဖွတ်ဖိုက အပ်နှံခဲ့ပါတယ်။ လျှော်ဖွတ်ရေး ဝန်ဆောင်မှုက သူမရဲ့ အဝတ်အထည်တွေ ပြန်ပေးတဲ့အခါ ကျားသစ်ကွက်ဒီဇိုင်း အတွင်းခံတစ်စုံ မှားယွင်းပါလာခဲ့တာကြောင် ရှာရာပိုဗာတစ်ယောက် စိတ်ရှုပ်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

၂၀၁၅ သြစတြေးလျ တင်းနစ်ပြိုင်ပွဲကို ယနေ့ (ဇန်နဝါရီ ၁၈ ရက်) မှာ စတင် ကျင်းပမှာဖြစ်ပြီး ရှာရာပိုဗာက ပထမအဆင့် ပွဲစဉ်အဖြစ် ဟီဘီနိုနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှရာပိုဗာ ရရခဲ့တဲ့ အဓိက ချန်ပီယံဆုဖလားများ
၂၀၀၄ - ဝင်ဘယ်လ်ဒန်
၂၀၀၆ - ယူအက်စ်အိုးပင်း
၂၀၀၈ - သြစတြေးလျအိုးပင်း
၂၀၁၂၊ ၂၀၁၄ - ပြင်သစ်အိုးပင်း
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ