Sports: မြန်မာနေရှင်နယ်လိဂ် (၂) ပွဲဆက် အရှုံးနဲ့ ကြုံခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

ပွဲချိန် (၈၇)မိနစ်တွင်မောင်မောင်လွင်၏ ဖြတ်တင်ဘောကို အောင်ဇော်မှ အပိုင်ကန်သွင်းကာ ဟံသာဝတီအသင်းကို အနိုင် (၃) မှတ် ရယူပေးခဲ့သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့က ရန်ကုန် ၊ သုဝဏ္ဏကွင်းတွင် ဟံသာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂) တွင် ဟံသာဝတီက နည်းပြအသစ် မာယန်ရဲ့ ရန်ကုန်ကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံကို (၂) ပွဲဆက် အရှုံးတွေ့စေခဲ့သည်။

play

 

ဟံသာဝတီသည် ပွဲစတင်ချိန်မှစ၍ တိုက်စစ်အရှိန်မြှင့်ကစားခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၃၆)မိနစ်တွင် မောင်မောင်လွင် ၊ ပွဲချိန် (၈၁)မိနစ်တွင် ရန်ကုန်အတွက် ချေပဂိုးကို ဇော်မင်းထွန်းက ပြန်လည်ချေပခဲ့ပြီး ပွဲချိန် (၈၇)မိနစ်တွင်မောင်မောင်လွင်၏ ဖြတ်တင်ဘောကို အောင်ဇော်မှ အပိုင်ကန်သွင်းကာ ဟံသာဝတီအသင်းကို အနိုင် (၃) မှတ် ရယူပေးခဲ့သည်။

play

 

ရန်ကုန်အသင်းမှာမူ ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း ဟံသာဝတီ နောက်တန်းကို သိသိသာသာ ထိုးဖောက်နိုင်ခြင်းမရှိသည့်အတွက် အသင်းအတွက်ဂိုးများ ရရှိနိုင်ခဲ့ခြင်းမရှိပေ။  ရန်ကုန်အသင်းသည် လာမည့် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် တောင်ကြီးတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Source & Photo: MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ