Sports: ရတနာပုံအသင်းရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့သည့် နည်းပြချုပ် ရီနီ

နည်းပြချုပ် ရီနီက “ကွင်းထဲမှာ ဘောလုံးရတဲ့သူပဲ ကစားပြီး မရတဲ့သူက ရပ်နေတယ်။ ကျိုးစားအားထုတ်မှု နည်းလွန်းတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အနိုင်ရလဒ်ကို မရခဲ့တာပါ”ဟု ဝေဖန်ခဲ့သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီ (၁၆) ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ပြီးနောက် ရတနာပုံအသင်း နည်းပြချုပ် ရီနီက ပွဲချိန်အတွင်း ကစားသမားများ၏ အားထုတ်မှု အပေါ်ဝေဖန်ခဲ့သည်။

play

 

နည်းပြချုပ် ရီနီက “ကွင်းထဲမှာ ဘောလုံးရတဲ့သူပဲ ကစားပြီး မရတဲ့သူက ရပ်နေတယ်။ ကျိုးစားအားထုတ်မှု နည်းလွန်းတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အနိုင်ရလဒ်ကို မရခဲ့တာပါ”ဟု ဝေဖန်ခဲ့သည်။

play

 

အဆိုပါ ပွဲစဉ်တွင် ရတနာပုံ အသင်းသည် ပွဲချိန် အများစုတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ထိရောက်သည့် ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့သည့်အပြင် ချင်းယူနိုက်တက်၏ တောင့်တင်းသည့် ခံစစ်ကိုလည်း ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

play

 

ရာသီအကုန်တွင် ချန်ပီယံဆုကို ရယူလိုပါက ယခုကဲ့သို့သော နိုင်သင့်နိုင်ထိုက်သည့် ပွဲများကို အနိုင်ရရန် လိုအပ်ကြောင်း ရီနီက ပြောသည်။

ှSource: MNL

Photo: Yadanarbon Football Club

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ