Sports: တင်းနစ်ကစားသမား အချို့ လုပ်ပွဲကစားခဲ့သော်လည်း အရေးယူမခံရ

ကမ္ဘာကျော်ကစားသမားအချို့တောင် ဒီလုပ်ပွဲအရှုပ်တော်ပုံထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

play

 

ကမ္ဘာ့တင်းနစ်ပြိုင်ပွဲအချို့မှာ လုပ်ပွဲကစားမှုတွေရှိနေခဲ့တာကို ပြိုင်ပွဲအာဏာပိုင်တွေ သိနေခဲ့ပေမယ့် အရေးမယူပဲ လျစ်လျူရှုထားခဲ့ကြောင်း ဘီဘီစီနဲ့ ဘတ်ဇ်ဖိဒ် သတင်းဌာနတို့ရဲ့ စုံစမ်းမှုကတဆင့် ပေါ်ပေါက်လာပါတယ်။ အဆင့်မြင့်ကစားသမားအချို့ကိုယ်တိုင် လုပ်ပွဲမှာ ပါဝင်ပတ်သတ်မှုတွေ ရှိနေခဲ့ပေမယ့် အရေးယူမှုမခံရခဲ့ရတာ ယနေ့အထိတိုင်ပါပဲ။

play

 

ဝင်ဘယ်ဒန်လို အဆင့်မြင့်ပြိုင်ပွဲတွေမှာတောင် လုပ်ပွဲအရှုပ်တော်ပုံအချို့ရှိခဲ့ပြီး ပြိင်ပွဲတာဝန်ရှိသူတွေ ဘက်က သတိပေးရုံသာ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရုရှား၊ အီတလီဘက်က လောင်းကစားအဖွဲ့အစည်းတွေက တင်းနစ်ကစားသမားတွေကို လုပ်ပွဲကစားဖို့ ပါဝင်ပတ်သတ်စေခဲ့တယ်လို့ ဒီစစ်ဆေးမှုမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်းကတည်းက ပြိုင်ပွဲအချို့မှာ ကစားသမားအချို့ လုပ်ပွဲကစားခဲ့တာကို သိခဲ့ပြီး ကစားသမား ၁၆ ဦးကို သတိပေးခဲ့ဘူးတယ်လို့ ဆိုပါတယ်။

play

 

အဲဒီကစားသမား ၁၆ ဦးဟာ ကမ္ဘာ့အဆင့် ၅၀ အတွင်း ဝင်သူတွေဖြစ်နေတယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ထုတ်ထားပါတယ်။ အဲဒီ ၁၆ ဦးထဲက တစ်ဝက်ကျော်ကျော်လောက်ဟာ အခုနှစ်ကျင်းပမယ့် သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ကစားကြမယ့် သူတွေပါ။

Source : ESPN

Photos : Eurosports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ