Sports: ဗန်ဟားလ်လက်အောက်မှာ မန်ယူပရီးမီးယားလိဂ် ဖလားမရနိုင်

နည်းပြဗန်ဟားလ်ရဲ့ လက်အောက်မှာ ဒီကစားပုံမျိုးနဲ့ ဖလားမရနိုင်သေးဘူးလို့ အသင်း ဂိုးသမားဟောင်းက ဝေဖန်လိုက်ပါတယ်။

play

 

နည်းပြဗန်ဟားလ်ရဲ့ လက်အောက်မှာဆိုရင် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်မှာ မဟုတ်ဘူးလို့  အသင်းရဲက ဂန္တဝင်ဂိုးသမား ပီတာရှမိုက်ကယ်က ဝေဖန်လိုက်ပါတယ်။ လီဗာကပူးအသင်းကို အနိုင်ရခဲ့တာလည်း ကံတရားရဲ့ ဖေးမမှုကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်း အသင်းခေါင်းဆောင်ရွန်နေးသွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ လီဗာပူးကို အနိုင်ယူခဲ့တာပါ။ လီဗာပူးကို နိုင်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူအသင်း အမှတ်ပေးဖလားယူဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်တယ်လို့ နည်းပြဗန်ဟားလ် ပြောခဲ့ပြီးနောက် ဂိုးသမားဟောင်း ရှမိုက်ကယ်က အခုလို ဝေဖန်ခဲ့တာပါ။ မန်အသင်းရဲ့ ကစားပုံဟာ ပျင်းရိဖွယ်ကောင်းတယ်ဆိုပြီး ဝေဖန်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

play

 

“သူတို့တော့ ဖလားရနိုင်ဦးမယ်လို့ ကျွန်တော်မထင်ဘူး။ အထူးသဖြင့် ဒီလိုပုံစံ ကစားပုံမျိုးနဲ့ပေါ့။ မန်ယူရဲ့ ကစားပုံက မကောင်းသေးဘူးလေ။ လီဗာပူးနဲ့ပွဲ သုံးမှတ်ရတာ အတော်လေး ကံကောင်လို့ပါ။ ဒီလိုပုံစံမျိုး ကစားနေရတာ ကစားသမားတွေလည်း ပျော်ပုံမရဘူး။ ဖလားလည်း မရနိုင်ဘူး” လို့ ပွဲအပြီးမှာ ရှမိုက်ကယ်က စကိုင်းစပို့တ်သတင်းဌာနကို ပြောပါတယ်။

ှSource  : Sky Sports

Photos :  Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ