play

 

ကမ္ဘာ့ အထင်ကရ တင်းနစ်ပြိုင်ပွဲကြီးတွေမှာ လုပ်ပွဲကစားမှုတွေ ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား နိုဗက်ခ် ဂျိုကိုဗစ်က ၎င်းကို လုပ်ပွဲကစားရန် ကမ်းလှမ်းခံရဖူးကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ၂၀၀၆ ခုနှစ် ရုရှားမှာ ယှဉ်ပြိုင်ကစားစဉ် လုပ်ပွဲကစားပေးဖို့ ပေါင်စတာလင် ၁၁၀,၀၀၀ ဖြင့် ကမ်းလှမ်းခံခဲ့ရပြီး ငြင်းပယ်ခဲ့ကြောင်း ဂျိုကိုဗစ်က ဖွင့်ချခဲ့ပါတယ်။

play

 

တင်းနစ်ပွဲတွေကို လုပ်ပွဲကစားရာမှာ ဂရင်းဆလင်းပြိုင်ပွဲကြီးတွေမှာ ဆုဖလားရခဲ့ဖူးတဲ့ ချန်ပီယံတွေ ပါဝင်ပတ်သက်မှု ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်တလော နှစ်ပိုင်းအတွင်း ဝင်ဘယ်လ်ဒန်ပြိုင်ပွဲရဲ့ ပွဲစဉ် ၃ ပွဲဟာ လုပ်ပွဲကစားမှုတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ရုရှားနဲ့ အီတလီမှ လောင်းကစား အဖွဲ့အစည်းတွေက တင်းနစ်ကစားသမားတွေကို လုပ်ပွဲကစားဖို့ စည်းရုံးကမ်းလှမ်းခဲ့ကြောင်း ဘီဘီစီ၊ ဘတ်ဇ်ဖိဒ် သတင်းဌာန နှစ်ခုရဲ့ သတင်းစုံစမ်းမှုတွေက ဆိုပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ လုပ်ပွဲကစားမှုနဲ့ ပတ်သက်ခဲ့တဲ့ ကစားသမား ၁၆ ဦးရှိခဲ့ပြီး ၎င်းတို့ဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၀ အတွင်း ရပ်တည်နေသူတွေ ဖြစ်ပါတယ်။

လုပ်ပွဲကစားဖို့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ချခဲ့တဲ့ ဂျိုကိုဗစ်ဟာ ယနေ့ (ဇန်နဝါရီ ၁၈ ရက်) စတင်ကျင်းပတဲ့ သြစတြေလျးအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်မှာ ဟေယွန်ချွန်းဂ်ကို ၆-၃၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video