Sports: အာဆင်နယ်အင်္ကျီဝတ်ပြီး မင်္ဂလာပွဲ ကျင်းပတဲ့ သတို့သား

အာဆင်နယ်အသင်းကို အားပေးတဲ့ ပရိသတ်တစ်ဦးက အသင်းဂျာစီဝတ်စုံဝတ်ပြီး မင်္ဂလာပွဲလုပ်ဖို့ သူ့ရဲ့ သတို့သမီးဆီက ခွင့်ပြုချက်ရခဲ့ပါတယ်။

play

 

အာဆင်နယ်အသသင်း ပရိသတ်တွေရဲ့ အသင်းအပေါ် အားပေးချက်ကတော့အလွန်အကျူးပါပဲ။ မကြာသေးခင်ကလည်း သမီးလေးနာမည်ကို အာဆင်နယ်အမည်ပါအောင် မှည့်ခေါ်ထားတဲ့ အာဆင်နယ် ပရိသတ်တစ်ဦးအကြောင်း ရေပန်းစားခဲ့ပါသေးတယ်။

အခုလည်း မင်္ဂလာဆောင်မှာ အာဆင်နယ်အင်္ကျီဝတ်ပြီး ပွဲထွက်ခဲ့တဲ့ အာဆင်နယ်ပရိသတ် သတို့သာတစ်ဦး ပေါ်ထွက်လာပြန်ပါပြီ။ အဆိုပါ သတို့သားက အာဆင်နယ်ဝတ်စုံကို အပေါ်အင်္ကျီတင် ဝတ်ခဲ့တာမဟုတ်ပါဘူး။ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် အားလုံးကို ဘောလုံးသမား တစ်ယောက်လို ဝတ်ဆင်ပြီး မင်္ဂလာဆာင်ခဲ့တာပါ။ သူဒီလို မင်္ဂလာဆောင်မှာ အာဆင်နယ်ဂျာစီ ဝတ်ခွင့်ရဖို့ သူ့သတို့သမီးဆီက ခွင့်ပြုချက်ရခဲ့လို့ လုပ်တာဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

play

 

နောက်ပြီး သူဒီလိုအမျိုးသမီးမျိုးကို ပိုင်ဆိုင်ခွင့်ရတာဟာ အက်ဖ်အေဖလား ရလိုက်သလိုပဲလို့ တင်စားထားပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး အမျိုးသမီးတစ်ဦးကို ပိုင်ဆိုင်ခွင့် ရခဲ့တာပါဆိုပြီး သူက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

https://www.facebook.com/bizzo.darksyde

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ