Sports: နှစ်ပွဲဆက်တိုက် အနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ မကွေးအသင်း

မကွေးအသင်းသည် အဖွင့်ပွဲစဉ်တွင်လည်း လက်ရှိချန်ပီယံ ရန်ကုန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့ပြီးနောက် ဧရာဝတီအသင်းကို ထပ်မံအနိုင်ရယူခဲ့ခြင်းဖြစ်သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၁၈) ရက်နေ့က ရန်ကုန် ၊ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့သည့် မကွေးအသင်းနှင့် ဧရာဝတီအသင်းတို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂) နောက်ဆုံးပွဲစဉ်တွင် မကွေးအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ကစားကာ နှစ်ပွဲ ကစားပြီး ၊ နှစ်ပွဲ နိုင် ရမှတ် ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သည်။

play

 

မကွေးအသင်းအတွက် ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ဆီလာ ၊ ပွဲချိန် ၁၃ မိနစ်တွင် ဆက်ဖြိုးဝေနှင့် ပွဲချိန် ၁၅ မိနစ်တွင် ဆီလာက ထပ်မံသွင်းယူပေးခဲသည်။ ဧရာဝတီအသင်းအတွက် ဂိုးများကို ၃၄ မိနစ်နှင့် ၈၈ မိနစ်တို့တွင် ခရစ္စတိုဖာမှ ချေပဂိုး သွင်းယူပေးခဲ့သည်။

play

 

မကွေးအသင်းသည် အဖွင့်ပွဲစဉ်တွင်လည်း လက်ရှိချန်ပီယံ ရန်ကုန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့ပြီးနောက် ဧရာဝတီအသင်းကို ထပ်မံအနိုင်ရယူခဲ့ခြင်းဖြစ်သည်။

Source & Photo: MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ