Sports: ဒီနှစ်အတွက် ဥရောပမှာ အကောင်းဆုံး တိုက်စစ်အတွဲ

လက်ရှိကစားနေတဲ့ ဘောလုံးရာသီ ဥရောပမှာ အကောင်းဆုံး တိုက်စစ်အတွဲစာရင်းမှာ အာဆင်နယ်ကလည်း ပါဝင်ထားပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်သီးဘောလုံးလိဂ်ပြိုင်ပွဲတွေမှာ အတွဲအညီဆုံး တိုက်စ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်လေ့လာချက် ထွက်ပေါ်လာပါပြီ။ အာဆင်နယ်အသင်းက တိုက်စစ်အတွဲက နံပတ်-၂ နေရာမှာ ရှိနေပါတယ်။

အသင်းဖော်ကစားသမား နှစ်ဦးပူးပေါင်းအားထုတ်မှုကနေ ရလာတဲ့ ဂိုးအရအတွက်ကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ ရောပထိပ်သီးလိဂ်ပြိုင်ပွဲလေးခုအတွင်းမှာ အတွဲအညီဆုံးတိုက်စစ်က ဘာစီလိုနာ အသင်းဖော် နေမာနဲ့ ဆွာရက်ဇ်အတွဲဖြစ်ပါတယ်။ သူတို့နှစ်ဦး အပေးယူအလုပ်ပြီး သွင်းထားတဲ့ဂိုးက ဒီရာသီမှာ ၉ ဂိုးအထိ ရှိပါတယ်။ နေမာနဲ့ ဆွာရက်ဇ်တိုက်စစ်အတွဲနောက်မှာတော့ အာဆင်နယ်ကစားသမား နှစ်ဦးရဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးပါ။ အိုဇေးလ်နဲ့ ဂျီရော့ဒ် ပူးပေါင်းအားထုတ်မှုကနေ ရလာတဲ့ဂိုးက ဒီရာသီမှာ ၇ ဂိုးရှိသွားပါပြီ။

play

 

ပရီးမီးယားလိဂ်မှာ ဒီအသင်းဖော်နှစ်ဦးက အတွဲအညီဆုံး ကစားသမားဖြစ်နေပါတယ်။ ထူးခြားတာက တတိယအကောင်းဆုံး အတွဲအဖက်က အဲဗာတန်ကစာသမားတွေဖြစ်နေတာပါပဲ။ ပရီးမီးယားလိဂ်မှာ ဂိုးတွေသွင်းနေတဲ့ လူကာကူနဲ့ ဒီလူဖျူအတွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးပေါင်း အားထုတ်မှုကတဆင့် ရလာတဲ့ ဂိုးက ၆ ဂိုးရှိထားပါတယ်။

play

 

လက်စတာအသင်းက မာရက်ဇ်နဲ့ ဗာဒီအတွဲရဲ့ ပူးပေါင်းမှုကတဆင့် ရလာတဲ့ဂိုးကလည်း ၆ ဂိုးအထိရှိထားပါတယ်။

Source : Mirror

Photos : Mirror, Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ