Sports: ပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံ ဖြစ်မယ့်အသင်း

မန်ယူအသင်းမှာ ဖာဂူဆန် ရှိစဉ်ကတော့ ဒီလိုအချိန်ဆိုရင် ပြိုင်ဘက်တွေရဲ့ လက်ကျန်ပွဲစဉ် အလားအလာ ကိုတွက်ချက်ပြီး ဘယ်သူချန်ပီယံဖြစ်နိုင်လဲဆိုတာကို ခန့်မှန်းထားလေ့ရှိတယ်လို့ ဆိုပါတယ်။

play

 

ပွဲစဉ် တစ်ဝက်ကျော်လာပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီကုန်ဆုံးတဲ့အထိ ဆိုရင် နောက်ထပ် ၁၆ ပွဲကျန်ပါသေးတယ်။ အသင်းတစ်သင်းကို နောက်ထပ် ၁၆ ပွဲစီ ကစားရဦးမှာပါ။ မန်ယူအသင်းမှာ ဖာဂူဆန် ရှိစဉ်ကတော့ ဒီလိုအချိန်ဆိုရင် ပြိုင်ဘက်တွေရဲ့ လက်ကျန်ပွဲစဉ် အလားအလာကိုတွက်ချက်နေလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒီရာသီဖလားရနိုင်ချေရှိပြီး လက်ရှိထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းတွေရဲ့လက်ကျန်ပွဲစဉ်တွေကို တွက်ချက်ကာ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။

၁။ အာဆင်နယ်

play

 

အာဆင်နယ်က လက်ရှိမှာ ၄၄ မှတ်ရထားပါတယ်။ နောက်ထပ် ၁၆ ပွဲမှာ အာဆင်နယ် လေးပွဲလောက် ရှုံးနိုင်ပါတယ်။ စပါး၊ မန်ယူ၊ မန်စီးတီးနဲ့ အဲဗာတန်ပွဲစဉ်တွေမှာ အာဆင်နယ်ရှုံးပွဲတွေ့နိုင်ပါတယ်။ ရာသီအကုန်မှာတော့ ၇၆ မှတ်ရပြီး  အဆင့်-၂ လောက်ချိတ်နိုင်ပါတယ်လို့ Daily Mail က သုံးသပ်ပါတယ်။

၂။ လက်စတာ

play

 

လက်ရှိအဆင့် -၂ နေရာက လက်စတာကလည်း လက်ကျန် ၁၆ ပွဲမှာ လေးပွဲလောက် ရှုံးနိုင်သေးတယ်လို့ သုံးသပ်ထားပါတယ်။ အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေမှာ သရေဖြစ်နိုင်တဲ့အတွက် လက်စတာကတော့ ရာသီကုန်မှာ ၇၁ မှတ်လောက်ပဲရပြီး အဆင့်-၄ နေရာဝင်နိုင်တယ်လို့ ဆိုပါတယ်။

၃။ မန်စီးတီး

play

 

မန်စီးတီးက လောလောဆယ် ၄၃ မှတ်ရထားပြီး အဆင့်သုံးနေရာမှာပါ။ ဒါပေမယ့် လက်ကျန်ပွဲတွေမှာ မန်စီးတီးက နှစ်ပွဲလောက်ပဲ ရှုံးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ လီဗာပူးနဲ့ ဆောက်သမ်တန်ကို ရှုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရာသီအကုန်မှာတော့ မန်စီးတီး ၇၉ မှတ်လောက် ရနိုင်ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၎။ စပါး

play

 

စပါးကတော့ ရာသီအကုန်မှာ အဆင့်-၃ ဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ကျန်ပွဲစဉ်တွေထဲမှာ စပါးက မန်စီးတီး၊ ချယ်လ်ဆီးတို့ကို ရှုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သရေပွဲတွေများနိုင်တာကြောင့် စပါးအသင်း ၇၃ မှတ်လောက်ပဲရပြီး အဆင့်-၃ လောက်နဲ့ ရာသီသိမ်းနိုင်ပါသတဲ့။

၅။ မန်ယူ

play

 

လက်ရှိအဆင့်-၅ နေရာမှာ ရပ်တည်နေရတဲ့ မန်ယူက ရာသီကုန်ရင်လည်း အဆင့်-၅ နေရာမှပဲ ရပ်တည်ရမယ်လို့ ဆိုထားပါတယ်။ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ စပါးတို့ကို မန်ယူရှုံးနိုင်ပြီး ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ်တို့ကို သရေကျနိုင်တယ်လို့ ခန့်မှန်းချက်ထဲမှာဖော်ပြပါတယ်။ နောက်ထပ် ၃၃ မှတ်ရပြီး မန်ယူက အဆင့်-၅ ပဲရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ