AD
AD
AD
play

 

ဇန်နဝါရီလမှာ ဥရောပထိပ်သီး ဘောလုံးအသင်းနည်းပြတွေ အလုပ်ရှုပ်နေကြပေမယ့် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကတော့ ရှန်ဟိုင်းမှာ အေးအေးလူလူ ဈေးဝယ်ထွက်နေတာ တွေ့ရပါတယ်။

play

 

ဘောလုံးအသင်းနည်းပြတွေလည်း ဇန်နဝါရီဆိုရင် ကစားသမားသစ်တွေ အင်အားဖြည့်တင်းဖို့ ဈေးဝယ်ထွက်လေ့ရှိကြပါတယ်။ ဒီတစ်ခါ ဇန်နဝါရီမှာတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ မော်ရင်ဟိုက ကစားသမားမဝယ်ပဲ တရုတ်ကရှန်ဟိုင်းမြို့မှာ ဈေးဝယ်ထွက်နေတာပါ။ အသင်းလက်မဲ့ ဖြစ်နေဆဲ ဆိုပေမယ့် မော်ရင်ဟိုရဲ့ အရှိန်အဝါကတော့ ကြီးမားဆဲပါ။ သူဈေးဝယ်ထွက်တဲ့ လမ်းတစ်လျှောက်မှာ အော်တိုလက်မှတ် ထိုးခိုင်းဖို့ စောင့်နေတဲ့သူတွေ၊ ဓာတ်ပုံတွဲရိုက်ဖို့ စောင့်နေတသူတွေ များစွာရှိနေတာ တွေ့ရပါတယ်။

play

 

သူနဲ့ဓာတ်ပုံတွဲရိုက်ဖို့၊ အော်တိုလက်မှတ်ထိုးခိုင်းဖို့ စောင့်နေတဲ့ လူအုပ်ကြီကို စိတ်ရှည်လက်ရှည်နဲ့  လက်မှတ်ထိုးပေးခဲ့ပေမယ့် မော်ရင်ဟိုမျက်နှာမှာတော့ အပြုံးအရယ်မဲ့နေတာ တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD