Sports: အသင်းသစ်နဲ့အတူ စ ကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ ဂါစီယာ

ဂါစီယာဟာ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ စုစုပေါင်း ၁၂၂ ပွဲကစားပေးခဲ့ပြီး အက်ဖ်အေ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

လီဗာပူးလ် တောင်ပံကစားသမားဟောင်းဖြစ်သူ လူးဝစ္စ ဂါစီယာဟာ အသင်းသစ်ဖြစ်တဲ့ သြစတေးလျ အေလိဂ် ပြိုင်ပွဲဝင်  Central Coast Mariners နဲ့အတူ ဒီတစ်ပတ် အိမ်ကွင်းမှာ Western Sydeney Wanderes ကို လက်ခံ ကစားရမယ့် ၁၆ သင်း ရှုံးထွက် ဖလားပြိုင်ပွဲမှာ စတင် ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

play

 

အသက် ၃၇ နှစ် အရွယ် ဂါစီယာဟာ သြစတေးလျကို ဒီနေ့ ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းသစ်နဲ့အတူ အချိန်ပြည့် လေ့ကျင့်ခန်းဆင်းဖို့ တစ်ရက်သာ ရမှာဖြစ်တဲ့အတွက် ပါဝင်ကစားခွင့် ရ၊ မရဟာ နည်းပြပေါ်မှာ မှုတည်ကြောင်းနှင့် အကယ်၍ ကစားခွင့်ရမယ်ဆိုပါကလည်း အဆင်သင့်ရှိနေမှာပါလို့ ပြောပါတယ်။

play

လက်ရှိအချိန်မှာ ၄င်းရဲ့ အသင်းသစ်သည် အေလိဂ် အမှတ်ပေးပြိုင်ပွဲ ဇယားရဲ့ အောက်ဆုံးအဆင့်နားမှာ ရပ်တည်နေပြီး ၁၅ ပွဲကစားပြီး နိုင်ပွဲ ၂ ပွဲသာ ရရှိထားတဲ့အတွက် သူဟာ အသင်းသားတွေနဲ့အတူ အသင်းကို ဇယားထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိအောင် ကူညီပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။

play

 

ဂါစီယာဟာ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ စုစုပေါင်း ၁၂၂ ပွဲကစားပေးခဲ့ပြီး အက်ဖ်အေ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးထားခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ဘာစီလိုနာအသင်းနှင့် အက်သလတီကို မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့သလို စပိန်အသင်းအတွက် ပွဲ (၂၀) ကစားကာ လေးဂိုးသွင်းယူထားခဲ့ပြီး၊၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဝင်ရောက်ကစားခဲ့ပါသေးတယ်။

Source: ESPN

Photo: ESPN, sportsbanter, talksport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ