Sports: သြစတြေးလျအိုးပင်းမှာ အဇာရင်ကာနဲ့ မာရေး နိုင်ပွဲကိုယ်စီရ

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်တွေမှာ နာမည်ကြီးတွေ ဖြစ်ကြတဲ့ ဗစ်တိုးရီးယား အဇာရင်ကာနဲ့ အန်ဒီ မာရေးတို့ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

play
သြစတြေးလျအိုးပင်း ချန်ပီယံ ၂ ဆုရှင် ဗစ်တိုးရီးယား အဇာရင်ကာ


ကျင်းပနေဆဲ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့် ယနေ့ (ဇန်နဝါရီ ၂၁ ရက်) ပွဲစဉ်တွေမှာ နာမည်ကြီးတွေ ဖြစ်ကြတဲ့ ဗစ်တိုးရီးယား အဇာရင်ကာနဲ့ အန်ဒီ မာရေးတို့ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

play
ဗစ်တိုးရီးယား အဇာရင်ကာရဲ့ ရိုက်ချက်


အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်မှာ ဗီလာရုစ် တင်းနစ်မယ် ဗစ်တိုးရီးယား အဇာရင်ကာက ဒါန်ကာ ကိုဗီနစ်ကို ၆-၁၊ ၆-၂ နဲ့ အနိုင်ရရှိပြီး တတိယအဆင့်ကို တက်ရောက်သွားပါတယ်။

အဇာရင်ကာဟာ ၂၀၁၂၊ ၂၀၁၃ မှာ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ရယူထားသူ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးချင်း တတိယအဆင့်မှာ အဇာရင်ကာနဲ့ ဂျပန်ဆယ်ကျော်သက် တင်းနစ်မယ် နာအိုမီ အိုဆာကာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play
ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား အန်ဒီ မာရေး


အမျိုးသားတစ်ဦးချင်း ဒုတိယပွဲစဉ်မှာ အန်ဒီ မာရေးက ဆမ်ဂရော့တ်သ်ကို ၆-၀၊ ၆-၄၊ ၆-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် တင်းနစ်သမား အန်ဒီ မာရေးက သြစတြေးလျအိုးပင်း တတိယအဆင့်မှာ ပေါ်တူဂီသား ဂျိုအာ ဆိုဆာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play
အန်ဒီ မာရေးကို အားပေနေသော ပရိသတ်များ။


အန်ဒီ မာရေးဟာ သြစတြေးလျအိုးပင်းမှာ ဖိုင်နယ်ကို ရောက်ရှိခဲ့ပေမယ့် ဆုဖလား ရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ၎င်းတို့နှစ်ဦးဟာ ၄ နှစ်အတွင်း တတိယအကြိမ် တွေ့ဆုံမှု ဖြစ်လာမှာပါ။ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွေကို ဇန်နဝါရီ ၁၈ ရက်မှ ၃၁ ရက်အထိ ကျင်းပလျက်ရှိပါတယ်။
Source: Australia Open, Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ