Sports: ဘွန်ဒက်စ်လီဂါ ကစားသမားနှစ်ဦးကို ပေါင်သန်း ၅၀ ကျော်သုံးပြီး အာဆင်နယ်ခေါ်မည်

ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဖို့ အခြေအနေကောင်းနေတဲ့ အာဆင်နယ်က ဇန်နဝါရီအင်အားဖြည့်တင်းမှုမှာ ခြေလှမ်းသွက်နေပါတယ်။

play

 

လက်ရှိဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ ဘွန်ဒက်စ်လီဂါမှာ ကစားနေတဲ့ ကစားသမားနှစ်ဦးကို အာဆင်နယ် ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တယ်လီဂရက်ဖ်သတင်းစာရဲ့ ဖော်ပြချက်အရ လေဗာကူဆင် ကစားသမား ဘန်ဒါနဲ့ မိုချန်ဂလာဘတ် ကစားသမား ရှာခါတို့ အာဆင်နယ်ရောက်ဖို့ အတော်လေး နီးစပ်နေတာပါ။

လေဗာကူဆင်ကစားသမား ဘန်ဒါကတော့ သူကိုယ်တိုင် အာဆင်နယ်အသင်းကိုရောက်လာချင်နေပေမဲ့ အသင်းဘက်က ရောင်းချဖို့ ငြင်းဆန်နေဆဲလို့ ဆိုပါတယ်။ မိုချန်ဂလာဘတ်အသင်း ကစားသမား ရှာခါက ကွင်းလယ်မှာပိုပြီး ဖန်တီးမှုပေးနိုင်တဲ့ ကစားသမားပါ။ အာဆင်နယ်ဘက်က ဒီကစားသမားနှစ်ဦးလုံးကို ဇန်နဝါရီမကုန်ခင်  အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ဇန်နဝါရီအစပိုင်းမှာတင် ဘေဆယ်အသင်းက ဂရိကစားသမား အယ်လ်နန်နီကို အာဆင်နယ် အပြီးသတ်ခေါ်ထားပြီးပြီ ဖြစ်ပါတယ်။ လေဗာကူဆင်ကစားသမား ဘန်ဒါက ပေါင် ၂၈ သန်းလောက် တန်ကြေးရှိပြီး ရှာခါအတွက်တော့ ၂၆ သန်းလောက် ပေးရနိုင်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ