Sports: ကာဗာနီကို ခေါ်ယူရန် ပီအက်စ်ဂျီနှင့် မန်ယူဆွေးနွေး

ဂိုးမရတဲ့ တိုက်စစ်ပြဿနာအတွက် ကာဗာနီကိုခေါ်ဖို့ ပီအက်စ်ဂျီကို နောက်ထပ်တစ်ကြိမ် မန်ယူဘက်က ကမ်းလှမ်းထားတာပါ။

play

 

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ကာဗာနီကို မန်ယူဘက်က ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ESPN သတင်းဌာနက ဖော်ပြပါတယ်။ မန်ယူဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

play

 

ကာဗာနီ၊ ပီအက်စ်ဂျီနဲ့ မန်ယူအသင်းတို့အကြား ဒီအပြောင်းအရွှေ့ကိစ္စကို အရင်ကလည်း ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တိုက်စစ်က ဂိုးရဖို့ ခက်ခဲနေတဲ့ပြဿနာကို မဖြေရှင်းနိုင်သေးတဲ့ မန်ယူ အခုဇန်နဝါရီမှာ ကာဗာနီအတွက် နောက်ထပ်တစ်ကြိမ် တရားဝင်ကမ်းလှမ်းထားတာလို့ ဆိုပါတယ်။ မန်ယူအသင်း ကအိမ်ကွင်းမှာ နောက်ဆုံကစားခဲ့တဲ့ပွဲတွေအတွင်း ပထမပိုင်းဆို ဂိုးရဖို့ ခက်ခဲခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကလည်း ကြုံထားရပါတယ်။

play

 

၂၀၁၃ ခုနှစ်မှာ နာပိုလီကနေ ပီအက်စ်ဂျီအသင်းကိုရောက်လာတဲ့ ကာဗာနီဟာ ပွဲပေါင်း ၁၂၀ ကစားပြီး ၆၃ ဂိုးသွင်းထားသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ အရေးကြီးပွဲစဉ်အချို့မှာ ဂိုးသွင်းခွင့်တွေ ဆုံးရှုံးလာခဲ့ပြီးတဲ့ နောက်ပိုင်း ကာဗာနီထွက်ခွာဖို့ ပိုနီးစပ်လာပြီလို့ သတင်းတွေကလည်းခန့်မှန်း ရေးသားကြပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ