Sports: ဖိတ်ခေါ် မြားပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခု မှန်းထားသည့် မြန်မာအသင်း

အိမ်ရှင် မြန်မာအသင်းနှင့်အတူ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် လာအို နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

play

 

၂၀၁၆ အရှေ့တောင် အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာအသင်းသည် Compound ပြိုင်ပွဲတွင် ရွှေနှစ်ခုနှင့် Recurve ပြိုင်ပွဲတွင် ရွှေတစ်ခု မျှော်မှန်းထားကြောင်း သိရသည်။

play

 

ပြိုင်ပွဲကို ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ၊ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းနှင့်အတူ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် လာအို နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

(၅) ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်မြားပစ် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ဆယ်မျိုး ထည့်သွင်းကျင်းပမည် ဖြစ်ပြီး Compound အမျိုးအစားတွင် ရွှေတံဆိပ် ငါးခုနှင့် Recurve အမျိုးအစားတွင် ရွှေတံဆိပ်ငါးခု စုစုပေါင်း ရွှေတံဆိပ် ၁၀ ခု ချီးမြှင့်မည်ဟု သိရသည်။

Source: 7 Day Daily

Photo: ဘိုဘိုမင်း, southeastasiansports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ