Sports: အခွန်ရှောင်တဲ့ မာရှေယာနို ထောင် ၁ နှစ်ချမှတ်ခံရ

ထောင်ဒဏ်ကို ဒဏ်ငွေနဲ့ အစားထိုးဖို့ အယူခံဟာ အောင်မြင်ဖွယ် ရှိနေပါတယ်။

play

 

ဘာစီလိုနာ အသင်းကစားသမား မာရှယာနိုဟာ အခွန်ရှောင်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့တဲ့ အတွက် ယူရို ၈၁၅,၀၀၀ ဒဏ်ငွေနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရစေဖို့ စပိန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် မာရှေယာနိုရဲ့ ထောင်ဒဏ်ကို ဒဏ်ငွေနဲ့ အစားထိုးပေးဖို့ ဆက်ပြီးကြိုးစားသွားမယ်လို့ မာရှေယာနိုရဲ့ ရှေ့နေက ပြောပါတယ်။

play

 

၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ မာရှေယာနိုက အခွန်ရှောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံးက ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာပါ။ မာရှေယာနိုကတော့ ဘောလုံးကစားလာတဲ့ သူ့ဘဝတစ်လျှောက်မှာ ရိုးသားစွာ နေထိုင်ခဲ့ပါတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ စပိန်ရဲ့ များပြားလှတဲ့ အခွန်ငွေဥပေဒတွေကို သူအကုန်လုံး အလွတ်မမှတ်မိနိုင်ဘူးဆိုပြီး ကာကွယ်ပြောကြားခဲ့တာပါ။

play

 

မာရှေယာနိုဘက်က ထောင်ဒဏ်ပြစ်ဒဏ်ကို ဒဏ်ငွေနဲ့ အစားထိုးဖို့ အယူခံကို တရားရုံးဘက်က လက်ခံဖွယ် ရှိနေပါတယ်။ စပိန်မီဒီယတွောကတော့ မာရှေယာနိုရဲ့ ထောင်ဒဏ်ဟာ ဒဏ်ငွေနဲ့သာ ပြီးဆုံးသွားမယ်လို့ ရေးသားကြပါတယ်။

Source : Mirror

Photos : Getty, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ