Sports: ပရီးမီးယားလိဂ်မှာ ဆယ်လ်ဖီအရိုက်ဆုံး အသင်းက အာဆင်နယ်ဖြစ်

အင်စတာဂရမ်မှာ ဓာတ်ပုံအများဆုံး တင်တဲ့သူတွေက အာဆင်နယ်ကစားသမားတွေ ဖြစ်နေပါတယ်။

play

 

ပရီးမီးယားလိဂ်မှာ ဆယ်လ်ဖီအရိုက်ဆုံး အသင်းက နည်းပြအာစင်ဝင်းဂါးဦးဆောင်တဲ့ အာဆင်နယ်အသင်း ဖြစ်နေပါတယ်။ တစ်ဦးချင်းဆိုရင်တော့ ဆယ်လ်ဖီအရိုက်ဆုံး ကစားသမားက မန်စီးတီး ကစားသမား ဖာနန်ဒင်ဟို ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ဘောလုံးသမားတွေ အင်စတာဂရမ်မှာ ဆယ်လ်ဖီရိုက်ပြီး တင်တဲ့ပုံတွေကို  The Betting Expert ဝက်ဘ်ဆိုက်က လေ့လာဆန်းစစ်ကာ အဆင့်သတ်မှတ်ခဲ့တာပါ။ အာဆင်နယ်ကစားသမားတွေက စုစုပေါင်း ဆယ်လ်ဖီပုံ ၄၉၄ ပုံတင်ခဲ့ပြီး နံပတ် ၁ ချိတ်ခဲ့ပါတယ်။ ဆယ်လ်ဆီရိုက်တာ ဒုတိယအများဆုံး အသင်းကတော့ ချယ်လ်ဆီးဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားတွေ စုစုပေါင်း ဆယ်လ်ဖီပုံ ၄၃၆ ပုံရိုက်ပြီး အင်စတာဂရမ်မှာ တင်ထားပါတယ်။

play

 

အာဆင်နယ်ကစားသမားတွေက ဆယ်လ်ဖီရိုက်လွန်းပြီး ဘောလုံးကန်ဖို့ထက် ဗလပြဖို့သာ စိတ်ဝင်စားနေကြတယ်လို့ မန်ယူကစားသမားဟောင်း ရိုင်ကိန်းကလည်း ဝေဖန်ဖူးပါတယ်။ လက်ရှိမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်းကတော့ ဆယ်လ်ဖီအရိုက်ဆုံး အသင်းစာရင်းမှာ တတိယ ချိတ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ရဲ့ ဆယ်လ်ဖီအရိုက်ဆုံး အသင်းအဆင့်သတ်မှတ်ချက်ကတော့ အောက်ပါအတိုင်းပါ။

၁။ အာဆင်နယ် - ၄၉၄ ပုံ

၂။ ချယ်လ်ဆီး - ၄၃၆ ပုံ

၃။ မန်ယူ - ၃၇၆ ပုံ

၅။ လီဗာပူး - ၃၃၈ ပုံ

၆။ ဘုန်းမောက် - ၃၃၇ ပုံ

၇။ ခရစ္စတယ်ပဲလေ့စ် - ၃၀၄ ပုံ

၈။ စတုတ်စီးတီး - ၂၉၀ ပုံ

၉။ ဝက်စ်ဟမ်း - ၂၈၇ ပုံ

၁၀။ လက်စတာ - ၂၄၉ ပုံ

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး