Sports: လန်ဒန်ဒါဘီမှာ ကော်စတာ ရန်ရှာလိမ့်မည်ဟု အာစင်ဝင်းဂါး သတိပေး

အာဆင်နယ်နဲ့ ချယ်လ်ဆီး တွေ့မယ့်ပွဲမှာ ထုံးစံအတိုင်း ကော်စတာက ရန်ရှာလိမ့်ဦးမယ်လို့ အာစင်ဝင်းဂါးက သတိပေးလိုက်ပါတယ်။

play

 

လာမယ့် တနင်္ဂနွေနေ့ တွေ့ဆုံကြမယ့် လန်ဒန်ဒါဘီ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်က ကော်စတာ ရန်ရှာလာနိုင်ဖွယ်ရှိတယ်လို့ နည်းပြအာစင်ဝင်းဂါးက သတိပေးလိုက်ပါတယ်။ ကော်စတာရဲ့ ရန်စတဲ့ အပြုအမူတွေကို အာဆင်နယ်ကစားသမားတွေ ရှောင်ရှားတက်ဖို့ လိုတယ်လို့ နည်းပြအာစင်ဝင်းဂါးက ဆိုပါတယ်။

play

 

ပထမအကျော့ တွေ့ဆုံခဲ့စဉ်တုန်းက ကော်စတာရန်ရှာခဲ့တာကြောင့် အာဆင်နယ်ကစားသမား ဂါဘရီရယ် ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကြားနားခဲ့ပြီးတဲ့နောက် ကော်စတာကို သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ကော်စတာ ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် အာဆင်နယ်နဲ့ ပွဲအမီ ဒဏ်ရာပြန်သက်သာလာပြီလို့ နည်းပြ ဂုဟစ်ဒင့်က ပြောပါတယ်။

play

 

“ရန်ဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုပြီးပြင်ဆင်ထားရမယ်။ ဘာလို့လည်းဆိုတော့ ကော်စတာက ရန်ရှာလာမှာပဲလေ။ ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ကော်စတာ့ကိုတော့ လျစ်လျူရှုထားရမယ်” လို့ နည်းပြအာစင်ဝင်းဂါးက သတိပေးထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ