Sports: ကမ္ဘာ့အဆင့် နံပါတ် ၃ မူဂူရူဇာ သြစတြေးလျးအိုးပင်းမှ ရှုံးနိမ့်ထွက်ခွာရ

စထရိုင်ကိုဗာက မူဂူရူဇာကို ၆-၂၊ ၆-၃ ရမှတ်ဖြင့် ပွဲငယ်နှစ်ပွဲ ကစားပြီး အနိုင်ယူခဲ့ပါတယ်။

play
စပိန်သူ တင်းနစ်မယ် မူဂူရူဇာ


ကျင်းပနေဆဲ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် စောစီးစွာ ထွက်ခွာခဲ့ရတဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းတွေထဲမှာ စပိန်သူ ဂါဘိုင်း မူဂူရူဇာလည်း ပါဝင်ခဲ့ပါတယ်။

play
မူဂူရူဇာနဲ့ စထရိုင်ကိုဗာ


ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၃ နေရာမှာ ရပ်တည်နေသူ မူဂူရူဇာဟာ ကမ္ဘာ့အဆင့် နံပါတ် ၄၈ ဖြစ်တဲ့ ချက်နိုင်ငံသူ ဘာဘိုရာ စထရိုင်ကိုဗာကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

စထရိုင်ကိုဗာက မူဂူရူဇာကို ၆-၂၊ ၆-၃ ရမှတ်ဖြင့် ပွဲငယ်နှစ်ပွဲ ကစားပြီး အနိုင်ယူခဲ့ပါတယ်။ ကမ္ဘာ့အဆင့် နံပါတ် ၃ တင်းနစ်မယ် မူဂူရူဇာဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့သူပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ