Sports: နာပိုလီနည်းပြ တောင်းပန်မှုကို နည်းပြမန်စီနီ လက်ခံ

နည်းပြမန်စီနီကို လိင်ပိုင်ဆိုင်ရာစကားနဲ့ ခွဲခြားဆက်ဆံခဲ့တဲ့အတွက် နာပိုလီနည်းပြက ပြန်တောင်းပန်ခဲ့ရပါတယ်။

play

 

နည်းပြမန်စီနီကို ရုပ်ပိုင်းဆိုင်ရာခွဲခြား စော်ကားပြီး ဆက်ဆံခဲ့တဲ့ နာပိုလီနည်းပြမော်ရီဇီယိုရဲ့ တောင်းပန်စကားကို အင်တာမီလန်အသင်းဘက်က လက်ခံလိုက်ပါတယ်။ ကိုပါအီတလီယာ ပြိုင်ပွဲမှာ ဒီနှစ်သင်း တွေ့ခဲ့စဉ်တုန်းက အင်တာမီလန်နည်းပြ မန်စီနီကို မော်ရီဇီယိုက မိန်းမလျာလို့ အဓိပ္ပါရတဲ့ စကားမျိုးတွေနဲ့ ခွဲခြားစော်ကားခဲ့တာ ဖြစ်ပါတယ်။

play

 

ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်မှာ နာပိုလီက ၂-၀ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နာပိုလီ နည်းပြမော်ရီဇီယိုကိုလည်း နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီး ဒဏ်ငွေ ပေါင်တစ်သောင်းခွဲ ပေးဆောင် စေခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ အင်တာမီလန်အသင်းရဲ့ ခံယူချက်က အသင်းမှာရှိသူတွေအားလုံး ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်ဘာသာစကားကိုသုံးသုံး၊ ပုဂ္ဂိုလ်ရေးအရ လူမှုဆက်ဆံရေးမှာ ဘယ်လိုဖြစ်ဖြစ် အားလုံးဟာ ညီအစ်ကိုတွေဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အင်တာမီလန်နည်းပြဘက်ကလည်း မော်ရီဇီယိုရဲ့ တောင်းပန်းစကားကို လက်ခံတယ်လို့ အသင်းက ထုတ်ပြန်ကြေငြာပါတယ်။

Source & Photos : BBC, Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ