Sports: သြစတြေးလျအိုးပင်းမှာ မာရေး နောက်တစ်ဆင့်တက်

နာမည်ကြီး ဗြိတိန် တင်းနစ်သမား အန်ဒီ မာရေးက ပေါ်တူဂီမှ ဂျိုအာအို ဆိုဆာကို အနိုင်ယူပြီး စတုတ္တအဆင့်သို့ တက်ရောက်သွားပါတယ်။

play

 

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ နာမည်ကြီး ဗြိတိန် တင်းနစ်သမား အန်ဒီ မာရေးက ပေါ်တူဂီမှ ဂျိုအာအို ဆိုဆာကို အနိုင်ယူပြီး စတုတ္တအဆင့်သို့ တက်ရောက်သွားပါတယ်။

play

 

play

 

ကမ္ဘာ့အဆင့် နံပါတ် ၂ မှာ ရပ်တည်နေတဲ့ မာရေးက ဂျိုအာအိုကို ၆-၂၊ ၃-၆၊ ၆-၂၊ ၆--၂ ဖြင့် ပွဲငယ် ၄ ပွဲကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

play
play

 

မာရေး တင်းနစ်ကွင်းမှာ ရှိနေစဉ် သူ့ရဲ့ ယောက္ခမဖြစ်သူ နီဂဲလ် ဆီရာစ် ရုတ်တရက် သတိလစ် လဲကျသွားတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

play

 

မာရေးရဲ့ ယောက္ခမဖြစ်သူဟာ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်ဖြစ်တဲ့ အိုင်ဗန်နိုဗစ်နဲ့ ကီးစ်တို့ ပွဲစဉ်ကို ကြည့်ရှုနေစဉ် သတိလစ် လဲကျခဲ့တာ ဖြစ်ပြီး ပွဲကို ခေတ္တရပ်နားခဲ့ပါတယ်။

play

မာရေးရဲ့ ယောက္ခမ နီဂဲလ် ဆီရာစ်က တင်းနစ်နည်းပြ တစ်ဦးဖြစ်ပြီး အိုင်ဗန်နိုဗစ်ရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အိုင်ဗန်နိုဗစ်ဟာ ကီးစ်ကို ၆-၄၊ ၄-၆၊ ၄-၆ ဖြင့် ရှုံးနိမ့်ပြီး သြစတြေးလျအိုးပင်းမှ ထွက်ခွာခဲ့ရပါတယ်။

play

 

play
၂၀၁၂ ခုနှစ်က တွေ့ရသည့် နည်းပြ နီဂဲလ်နှင့် အိုင်ဗန်နိုဗစ်


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ