Sports: ငါးဂိုးသွင်းပြီး နောဝှစ်ခ်ျကို လီဗာပူး အနိုင်ရ

ဒုတိယပိုင်းမှာ လေးဂိုးပြန်သွင်းပြီး လီဗာပူးက နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

နောဝှစ်ခ်ျက သုံးဂိုးအရင်သွင်းခဲ့ပေမယ့်  လီဗာပူးက နောက်ပိုင်းမှာ လေးဂိုးပြန်သွင်းခဲ့တာကြောင့် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ဖာမီနိုက သွင်းယူသွားတာပါ။ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာရဲ့ ပေးပို့မှုကတဆင့် ဖာမီနိုရဲ့ ကန်ချက်က ဂိုးတိုင်ကို ထိပြီး ဝင်သွားခဲ့တာပါ။ ဒါပေမယ့် လီဗာပူးရဲ့ ဦဆောင်ဂိုးဟာ ၁၁ မိနစ်ပဲ ကြာလိုက်ပါတယ်။ ပွဲချိန် ၂၉ မိနစ်အရောက်မှာ နောဝှစ်ခ်ျက ချေပဂိုး ပြန်ရသွားတာပါ။ တိုက်စစ်မှူး အမ်ဘိုကာနီက နောက်ဖနောင့်နဲ့ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

ပထမပိုင်း မပြီးခင်မှာ နောဝှစ်ခ်ျက ဦးဆောင်ဂိုး ပြန်ရပါတယ်။ အဲဗာတန် ကစားသမားဟောင်း နေးစမစ်သ်က သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ်မှာ အိမ်ရှင်နောဝှစ်ခ်ျအသင်း ပင်နယ်တီ ရသွားပါတယ်။ ပင်တိုနဲ့ နေးစမစ်သ်ရဲ့ တွဲလုံးကတဆင့် မိုရီနိုဖျက်ထုတ်ပုံ မှားခဲ့လို့ နောဝှစ်ခ်ျ ပင်နယ်တီရခဲ့တာပါ။ ပင်နယ်တီကို ဟူလာဟန်က သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် နောက်ထပ် တစ်မိနစ်အကြာာမှာပဲ လီဗာပူး ဂိုးပြန်ရပါတယ်။ ကွင်းလယ် ကစားသမား ဟန်ဒါဆင်က သွင်းယူသွားတာပါ။ ၂-၃ ဂိုးဖြစ်လာတဲ့အတွက် လီဗာပူးအသင်း ကစားပုံ ပြန်ကောင်းလာပြီး နောက်ထပ် ၈ မိနစ်အကြာမှာ ချေပဂိုး ထပ်ရပြန်ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် လျှင်မြန်တဲ့ ပေးပို့ချက်တွေနဲ့ ဖာမီနိုဆီ ဘောလုံးရောက်သွားခဲ့ပြီး ဖာမီနိုက ဂိုးသမားရဲ့ ညာဘက်ကို အသာအယာ သွင်းယူသွားခဲ့တာပါ။

play

 

၇၄ မိနစ်မှာတော့ နောဝှစ်ခ်ျနောက်တန်းရဲ့အမှားကတဆင့် လီဗာပူး ဦးဆောင်ဂိုး ပြန်ရသွားပါတယ်။ လူပေးမှားတာက တဆင့် ဂျိမ်းစ်မီနာ ဘောလုံးရသွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ သွင်းယူသွားတာပါ။  ဒါပေမယ့် ပွဲက နောက်ဆုံးအချိန်ထိ အကြိတ်အနယ် ရှိခဲ့ပြီး နာကျင်အချိန်ပိုမှာ နောဝှစ်ခ်ျက ချေပဂိုး ပြန်သွင်းသွားပါတယ်။ နောက်ခံလူတွေ ရှုပ်နေတဲ့ ကြားထဲက ဘတ်ဆောင်းက မထင်မှတ်ပဲ အပြင်းကန်သွင်း ယူသွားတာပါ။ ဒါပေမယ့် လီဗာပူး နောက်ဆုံးမိနစ် နောက်ဆုံး စက္ကန့်မှာ အနိုင်ဂိုး ပြန်ရသွားပါတယ်။

နောဝှစ်ခ်ျ ဂိုးဧရိယာထဲမှာ နောက်ခံကစားသမား ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို လယ်လာနာက ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ