Sports: တိုက်စစ်မှူးသစ် အော်စတင်ရဲ့ ဂိုးကြောင့် မန်ယူရှုံးပွဲတွေ့

ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူးသစ် အော်စတင်က လူစားဝင်လာပြီး အနိုင်ဂိုး သွင်းသွားခဲ့တာပါ။

play

 

မန်ယူအသင်းဘက်က ရွန်နေး၊ မာရှယ်၊ ဟာရဲရားတို့နဲ ပွဲထွက်ခဲ့ပြီး ဆောက်သမ်တန် ဘက်က မာနေး၊ ရှိန်းလောင်း၊ တာဒစ်တို့က တိုက်စစ်ကို ဦးဆောင်ခေစဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ အပြန်အလှန် တိုးဖောက် တိုက်စစ်ဆင်ခဲ့ကြပေမယ့် အဆုံးသတ် မသေချာခဲ့တာကြောင့် နှစ်သင်းလုံး ဂိုးမရ ဖြစ်ခဲ့ပါတယ်။

play

 

ဒါပေမယ့် ဒုတိယပိုင်းမှာ ဆောက်သမ်တန်ဘက်က လူစားဝင်လာတဲ့ အော်စတင်ရဲ့ ဂိုးကြောင့် မန်ယူအသင်း ရှုံးပွဲ တွေ့သွားပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ တိုက်စစ်မှူး မာနေးအစား လူစားဝင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ သွင်းယူတဲ့ တိုက်စစ်မှူး အော်စတင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဆောက်သမ်တန်က အနိုင်ရသွားတာ ဖြစ်ပါတယ်။ ၈၇ မိနစ်အရောက်မှာ အလွတ်တည်ကန်ဘောကို အော်စတင်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဆောက်သမ်တန် ဦးဆောင်သွားခဲ့တာပါ။

play

 

ဒီဂိုးကို ပြန်မချေပ နိုင်တာကြောင့် ၂၀၁၆ မှာ မန်ယူအသင်း ပထမဆုံး ရှုံးပွဲတွေ့သွားခဲ့ပါတယ်။ နောက်ဆုံး ခြောက်ပွဲအတွင်း ပထမဆုံးအကြိမ်ရှုံးပွဲတွေ့သားတဲ့ မန်ယူအသင်းက ဒီနေ့ပွဲမှာ ထိထိရောက်ရောက် စွမ်းဆောင်တ ဘာတစ်ခုမှ လုပ်မပြနိုင်ခဲ့ပါဘူး။ ဆောက်သမ်တန်ဂိုးပေါက်ကိုတောင် ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

Source : Flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ