Sports: အာဆင်နယ် - ချယ်လ်ဆီး စူပါးဆန်းဒေးပွဲစဉ် (ပွဲကြိုသုံးသပ်ချက်)

ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးကို အာဆင်နယ်မနိုင်တာ ရှစ်ပွဲရှိပြီဖြစ်ပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီအတွက် အမှတ်ပေးချန်ပီယံအသင်း ဘယ်သူဖြစ်မလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုရဦးမှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးတို့ တွေ့ဆုံမယ့် ပွဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် အားတက်စရာကတော့ ကွင်းလယ်အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ အိုဇေးနဲ့ ဆန်းချက်ဇ် ဒီပွဲမှာ ပြန်ပါလာဖို့ ရှိနေတာပါပဲ။ ဆန်းချက်ဇ်က နိုဝင်ဘာလကတည်းက ဒဏ်ရာကြောင့် နားနေရတာ ဖြစ်ပါတယ်။ အိုဇေးမပါနိုင်တာတော့ သုံးပွဲရှိပါပြီ။ ချယ်လ်ဆီးဘက်မှာလည်း ဟာဇက် ပြန်ပါနိုင်မှာ ဖြစ်တယ်လို့ နည်းပြဂုဟစ်ဒင့်က အတည်ပြုပေးထားပါတယ်။ ဒါပေမယ့် မိနစ်ကိုးဆယ်ပြည့်ပါဖို့ မသေချာဘူးလို့ တော့ နည်းပြက ဆိုပါတယ်။

play

 

အာဆင်နယ် ဘက်မှာတော့ မပါနိုင်ဖို့ သေချာသူတွေက ဝဲလ်ဘက်၊ ကာဇိုလာနဲ့ ဝီရှီးယား ဖြစ်ပါတယ်။ ချယ်လ်ဆီး ဘက်မှာတော့ တိုက်စစ်မှူး ဖယ်လ်ကာအို မပါဝင်ဖို့ သေချာပါတယ်။ အာဆင်နယ်အတွက် တစ်ခု စိုးရိမ်စရာ ရှိတာက ချယ်လ်ဆီးနဲ့ နောက်ဆုံးတွေ့ဆုံထားမှု မှတ်တမ်းတွေပါပဲ။

ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးကို အာဆင်နယ်မနိုင်တာ ရှစ်ပွဲရှိပြီဖြစ်ပါတယ်။ မော်ရင်ဟို လက်ထက်မှာ အာဆင်နယ်က ချယ်လ်ဆီးပရီးမီးယားလိဂ် တစ်ပွဲမှ မနိုင်သေးပါဘူး။ ဒီထက်ပိုဆိုးတာက ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲတွေ့ရာမှာ အာဆင်နယ်ဘက်က တစ်ဂိုးမှ ပြန်မရတာပဲ ဖြစ်ပါတယ်။

play

 

အာဆင်နယ်ခြေစွမ်းအကောင်းဆုံး အချိန်ကို ရောက်နေတယ်ဆိုတာတော့ သတိထားရမှာပါ။ ဒီပွဲမနိုင်ခဲ့ရင် အမှတ်ပေးဇယားဦးဆောင်ခွင့်ကို အာဆင်နယ် ဆုံးရှုံးရမှာပါ။ ဒီတစ်ခါတော့ အစဉ်အလာ ချိုးဖျက်ပြီး အာဆင်နယ် ကပ်နိုင်သွားမယ် ထင်ပါတယ်။

Source & Photos : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ