Sports: အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရင် တက်တူးထိုးမယ့် ဆန်းချက်ဇ်

အာဆင်နယ်အသင်းကလည်း ထွက်ဖို့မစဉ်းစားဘူးလို့ ဆန်းချက်ဇ်က ပြောပါတယ်။

play

 

ဒီနှစ်မှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားရခဲ့ရင် တက်တူးထိုးဖြစ်လိမ်မယ်လို့ အာဆင်နယ် အသင်း ကစားသမား ဆန်းချက်ဇ်က ပြောလိုက်ပါတယ်။ ဘာဖြစ်လာဦးမလဲဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ဖလားသုံးလုံးအောင်မြင်မှု လမ်းကြောင်းပေါ်မှာ အာဆင်နယ်ရှိနေတယ်လို့ ဆိုပါတယ်။

play

“တကယ်ဖြစ်လာခဲ့ရင်တော့ အိပ်မက်တစ်ခု ဖြစ်နေပါလိမ့်မယ်။ အမှတ်ပေးဖလားရရင် ဘာဖြစ်မလဲတော့ မသိသေးဘူး။ ဒါပေမယ့် တက်တူးတစ်ခုလောက်တော့ ကျွန်တော်ထိုးဖြစ်မယ်ထင်တယ်” လို့ ဆန်းချက်ဇ်က ပြောပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်းက အမှတ်ပေးဖလား ရဖို့ အခြေအနေ ကောင်းတဲ့အသင်းဖြစ်နေပါတယ်။

play

 

နောက်ထပ်ပြောတာကတော့ သတင်းတွေထွက်နေသလို အာဆင်နယ်က ထွက်ခွာမှာ မဟုတ်ဘူးလို့လည်း ဆန်းချက်ဇ်က ဆိုပါတယ်။ အာဆင်နယ်အသင်း ကစားသမားတွေကြားထဲမှာ နေရတာလဲပျော်ရွှင်သလို၊ အသင်းပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ကျေနပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဆင်နယ်က ထွက်ခွာဖို့ကိုလည်း မစဉ်းတဲ့အကြောင်း ဆန်းချက်ဇ်က ပြောပါတယ်။

Source : Mirror

Photos : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ