Sports: မျက်မှန်ကျိုးတဲ့အထိ အောင်ပွဲခံတဲ့ နည်းပြဂျာဂင်ကလော့

နောက်ဆုံးမိနစ် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးရလိုက်လို့ လီဗာပူး နည်းပြအောင်ပွဲခံခဲ့တာ မျက်မှန်တောင် ကျိုးသွားပါတယ်။

play

 

နောဝှစ်ခ်ျအသင်းကို လီဗာပူးက နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရလိုက်တဲ့ အချိန်မှာ အပြင်းအထန် အောင်ပွဲခံခဲ့တဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ မျက်မျန်ကျိုးသွားခဲ့ပါတယ်။ နောက်ဆုံးမိနစ်ရောက်မှ ဂိုးသွင်းလိုက်တဲ့ လယ်လာနာက နည်းပြတွေရှိနေတဲ့ အရန်ခုံဧရိယာအတွင်း ပြေးဝင်လာတာကို ဂျဂန်ကလော့က ပြေးဖက်လိုက်တာဖြစ်ပါတယ်။

play

 

လီဗာပူးနဲ့ နောဝှစ်ခ်ျပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး နောဝှစ်ခ်ျက လီဗာပူးကို ၃-၁ ဂိုးနဲ့ အရင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးက မိနစ်ကိုးဆယ်မပြည့်ခင် သုံးဂိုးပြန်သွင်းခဲ့ပေမယ့် မိနစ်ကိုးဆယ်အရောက်မှာ နောဝှစ်ခ်ျက ချေပဂိုး ပြန်သွင်းလို့ သရေနဲ့ ပွဲပြီးဆုံးမယ်လို့ ထင်ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို ၅ မိနစ်အရောက်မှာ လီဗာပူး ကစားသမား လယ်လာနာက အနိုင်ဂိုး သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုရောက်မှ အနိုင်ဂိုးသွင်းလိုက်တဲ့အတွက် လယ်လာနာက အပျော်လွန်ပြီး အင်္ကျီချွတ် အောင်ပွဲခံခဲ့တာပါ။ အင်္ကျီချွတ်ပြီး ပြေးလာတဲ့ လယ်လာနာကို နည်းပြဂျာဂင်ကလော့က လှမ်းဖက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် အခြားကစားသမားတွေလည်း ရောက်လာပြီး ပွေ့ဖက်အောင်ပွဲခံခဲ့ကြလို့ ကလော့ရဲ့ မျက်မှန် ကျိုးသွားတာပါ။ ဒီဂိုးမရခင် မိနစ်ကိုးဆယ်အရောက်မှာ နောဝှစ်ခ်ျကို ချေပဂိုး ပေးလိုက်ရတဲ့ အချိန် ဒေါသပေါက်ကွဲခဲ့တာ ကလော့ကိုလည်း ရုပ်သံမှာ တွေ့ခဲ့ရါပသေးတယ်။

ဒါပေမယ့် နောက်ထပ် မိနစ်အနည်းငယ်မှာပဲ နည်းပြကလော့ အားရပါးရ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ