Sports: အေရူးရဲ့ သွင်းဂိုးနဲ့ အဲဗာတန်ကို ဆွမ်ဆီး အနိုင်ရ

ဒီပွဲအနိုင်ကြောင့် ဆွမ်ဆီးအသင်း တန်းဆင်းဇုန်နဲ့ ဝေးရာကို ထွက်လာနိုင်ပြီး အဆင့်တက်လာပါတယ်။

play

 

အဲဗာတန်က လူကာကူ၊ မီယာလက်စ်၊ ဘာကလေတို့နဲ့ တိုက်စစ်ကို ဦးဆောင်စေခဲ့ပြီး ဆွမ်ဆီးက ဆစ်ဂါဆင်၊ ရော့ဒ်လက်ခ်ျ၊ အေရူးတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

အိမ်ရှင်အဲဗာတန်က ဆွမ်ဆီးကို တောက်လျှောက်ဖိအားပေးနေခဲ့ပေမယ့် တကယ်တမ်းမှာ ဂိုးအရင် စရသွားခဲ့တာက ဆွမ်ဆီးဖြစ်ပါတယ်။ ၁၇ မိနစ်မှာဂိုးရသွားခဲ့တာပါ။ နောက်ခံလူ ဂျွန်စတုန်းက တုနု့်ဆိုင်းနေပြီး ဂိုးသမားတင်ဟောင်းဝက်ဘ်ဆီ ဘောလုံးပြန်ပေးရမှာ မပြတ်သားခဲ့တဲ့အတွက် တင်မ်ဟောင်းဝက်ဘ်က အေရူးကို ပြစ်ဒဏ်ကျူးလွန်မိခဲ့ပါတယ်။ ရလာတဲ့ ပင်နယ်တီကို ဆစ်ဂါဆင်က အမှားအယွင်းမရှိပဲ ကန်သွင်းနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့် ၂၆ မိနစ်မှာ အဲဗာတန်အတွက် ချေပဂိုး ပြန်ရသွားပါတယ်။ ဒီလိုဖျူရဲ့ပေးပို့မှုကို အဲဗာတန် ကစာသမား ဘာရီက နောက်ဖနောင့်နဲ့ ကန်သွင်းရာမှာ ဂျက်ကော့နဲ့ ထိပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

 ချေပဂိုး ရပြီးတဲ့နောက်မှာလည်း ပိုပြီးဖိအားပေး ကစားခဲ့တာက အဲဗာတန်ပါ။ ဒါပေမယ့် တကယ်တမ်းမှာ ဂိုးပြန်ရသွားတာက ဆွမ်ဆီး ဖြစ်ပါတယ်။ တေလာရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကတဆင့် ပွဲချိန် ၃၄ မိနစ်မှာ အေရူးက ဘယ်ခြေနဲ့ ကန်သွင်းယူသွားတာပါ။

play

 

နောက်ပိုင်းမှာလည်း အိမ်ရှင်အဲဗာတန်ကပဲ ပိုပြီးဖိအားပေး ကစားခဲ့တာပါ။ ဆွမ်ဆီးက တန်ပြန်တိုက်စစ်သာ ကစားခဲ့ပြီး အဲဗာန်တန်ကို ခပ်ကြမ်းကြမ်းဖျက်ထုတ်တာမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ၇၁ မိနစ်မှာ ဆွမ်ဆီးကစားသမား တေလာရဲ့ လက်ကို ဘောလုံးထိသွားခဲ့လို့ အဲဗာတန် ပင်နယ်တီတောင်းခဲ့ပေမယ့် မရခဲ့ပါူဘူး။ ဂိုးထပ်မသွင်းနိုင်ကြတော့လို့ အဲဗာတန် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ