Sports: သားသုံးယောက်ဖခင် ဖြစ်လာတဲ့ ရွန်နေး

တိုက်စစ်မှူးကြီးတော့ အိမ်ကွင်းမှာ သုံးဂိုးရသွားပါပြီ။

play

 

အင်္ဂလန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဝိန်း ရွန်နေးရဲ့ တတိယမြောက် သားလေးကို တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

play
အင်စတာဂရမ်မှာ ရွန်နေး လွှင့်တင်ခဲ့တဲ့ တတိယမြောက် သားလေးရဲ့ ဓာတ်ပုံ။

 

play

 

ဒီဇိုင်နာ ကောလင်း နဲ့ ရွန်နေးတို့ရဲ့ တတိယမြောက် သားလေး မွေးဖွားလာတဲ့အကြောင်းကို ဇနီးမောင်နှံ နှစ်ယောက်လုံးက သူတို့ရဲ့ တွစ်တာပေါ်မှာ ကြေညာထားတာပါ။ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကောင်လေးက ဒီနေ့ပဲ ရောက်လာခဲ့ပါပြီ၊ နာမည်က ကစ် ဂျိုးဇက် ရွန်နေးပါ။ ၈ ပေါင်နဲ့ ၁ အောင်စ ရှိပါတယ်။ ကျွန်တော်တို့ကတော့ အရမ်းကို ပျော်ရွှင်နေရပါတယ်" လို့ ရွန်နေးရဲ့ တွစ်တာပေါ်မှာ ရေးထားတာ တွေ့ရပါတယ်။

play

 

ကောလင်းနဲ့ ရွန်နေးတို့ဟာ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး Kai နဲ့ Klay ဆိုတဲ့ သားနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ သူတို့ရဲ့ တတိယမြောက်ရင်သွေးကလည်း သားလေးဖြစ်တာကြောင့် ခုဆိုရင် သားသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ မိဘတွေ ဖြစ်သွားကြပါပြီ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ