Sports: မာတီဆက်ကာ အနီကတ်ပြခံရအောင် ကော်စတာလုပ်ခဲ့ဟု အာစင်းဝင်းဂါး စွပ်စွဲ

ဒီနှစ်ထဲ ပရီးမီးယားလိဂ် နှစ်ကျော့တွေ့ဆုံရာမှာ ကော်စတာနဲ့ ငြိစွန်းပြီး ထွက်သွားရတဲ့ အာဆင်နယ် ကစားသမား နှစ်ဦးအထိ ရှိပါတယ်။

play

 

လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်ကစားသမား မာတီဆက်ကာ ပြသခံခဲ့ရတဲ့ အနီကတ်အတွက် ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာကို နည်းပြအာစင်ဝင်းဂါးက အပြစ်တင်လိုက်ပါတယ်။ ကော်စတာက မာတီဆက်ကာ အနီပြခံရပြီးထွက်သွားရအောင် လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ကွင်းလယ်ကစားသမား ဝီလျံရဲ့ ပေးပို့ချက်ကို ကော်စတာက ဆွဲပြေးဖို့ အလုပ်မှာ အာဆင်နယ်နောက်ခံ ကစားသမား မာတီဆက်ရဲ့ ဖျက်ထုတ်မှုကြမ်းတမ်းခဲ့လို့ အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ “ သူက(ကော်စတာ) သူ့ကို(မာတီဆက်ကာ) ကိုထွက်သွားရအောင် လုပ်ခဲ့တာလေ။ ဒါမဟုတ်ဘူးလို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ ဒီနှစ်ထဲမှာ ချယ်လ်ဆီးနဲ့ နှစ်ပွဲကစားတာ။ အာဆင်နယ် ကစားသမား နှစ်ယောက် အနီကတ်ပြခံရအောင် သူလုပ်နိုင်တယ်။ သူတကယ်တော်ပါတယ်” လို့ ပွဲအပြီးမှာ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

မာတီဆက်ကာ ထွက်သွားရပြီးတဲ့နောက် ကော်စတာကပဲ ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ