Sports: အသင်းလေ့ကျင့်ရေး အစီအစဉ် ဖျက်သိမ်းပြီးနောက် ဗန်ဟားလ် အထုတ်ခံရရန် နီးစပ်နေဟုဆို

အသင်းအမှုဆောင်ချုပ် ဝုဒ်ဝက်က စီနီယာကစားသမားတွေနဲ့ တွေ့ဆုံပြီး ဗန်ဟားလ်အတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ပြီး နောက်တစ်နေ့မှာ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ဖျက်သိမ်းလိုက်ပြီးတဲ့နောက် နည်းပြဗန်ဟားလ်ရဲ့ အနာဂတ် မရေရာမှုတွေ ထပ်ဖြစ်လာခဲ့ပြန်ပါတယ်။ ကစားသမားတွေရဲ့ ထောက်ခံအားပေးမှုကိုပါ ဗန်ဟားလ်ဆုံးရှုံးနေပြီလို့ သတင်းတွေက ဆိုပါတယ်။

play

 

အခြားသတင်းတွေအရ မန်ယူအသင်း အမှုဆောင်ချုပ်ဝုဒ်ဝက်ဟာ တနင်္ဂနွေနေ့က အသင်းစီနီယာ ကစားသမားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဗန်ဟားလ်ပေါ် သဘောထားကို မေးမြန်းပြီး ဆန္ဒမဲ ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဆောက်သမ်တန်ကိုရှုံးပြီးနောက်တစ်နေ့မှာ အသင်းရဲ့ပုံမှန်လုပ်နေကြ ပွဲအပြီး လေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။ မန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ တနင်္ဂနွေနေ့ တုန်းက နည်းပြတွေရော ကစားသမားတွေပါ တစ်ယောက်မှ ရှိမနေခဲ့ပါဘူး။

play

 

လက်ရှိမှာ နည်းပြဟားလ်နေရာကို အစားဝင်မယ့်နည်းပြအဖြစ် ရိုင်ယန်ဂစ်ပဲ ရေပန်းစားနေပြန်ပါတယ်။ မနှစ်က ဒေးဗစ်မိုယက်စ်ထွက်သွားတော့လည်း ဂစ်ကပဲ ရာသီကုန်အထိ တာဝန်ယူခဲ့တာပါ။ ဖာဂူဆန်၊ ဒေးဗစ်မိုယက်စ်နဲ့ ရိုင်ယန်ဂစ်တို့နဲ့ ယှဉ်ရင် ဗန်ဟားလ်ရဲ့ နိုင်ပွဲရာခိုင်နှုန်းက အနည်းဆုံး ဖြစ်နေပါတယ်။


Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ